Waiting for Rain (2021)

 


Rating : 7.5/10
Country : Korea
Genre : Drama, Romance
Released Date : 2021
Duration : 1h 25min

အညွှန်း

Moon lovers ထဲက မင်းသားတစ်ယောက်ဖြစ်တဲ့ Kang Ha Neul ရဲ့ ကားသစ်လေးနဲ့ မိတ်ဆက်ပေးပါရစေ။ကောင်လေးတစ်ယောက်ဟာ တက္ကသိုလ်ဝင်ခွင့်ရဖို့ အသည်းအသန်ကြိုးစားနေတယ်…

ရှေ့(၂)ခါကျထားတော့ သူ့ခဗျာ စိတ်ဓာတ်ကျနေပြီလို့လည်းပြောလို့ရတယ်… တစ်ရက်စာကြည့်တုန် စာအုပ်ထဲမှာအပြေးပြိုင်ပွဲပုံလေးတွေ့သွားတယ်… သူကလေးဘဝအပြေးပြိုင်တုန်းကကောင်မလေးတစ်ယောက်က ချွေးသုတ်ဖို့ လက်ကိုင်ပဝါလေးပေးဖူးတာကို အမှတ်ရသွားတယ်…ကျွန်တော်တို့ဟာ တစ်စုံတစ်ယောက်နဲ့ပတ်သက်ပြီးရင်ခုန်ခဲ့ဖူး အမှတ်တရရှိခဲ့ဖူးပေမဲ့ အချိန်ကြာလာရင် အနည်ထိုင်သွားတတ်တယ်…သို့ပေမဲ့ အနည်ဆိုတာမျိုးဟာလည်း တစ်စုံတစ်ခုထိ ထိခိုက်မိသွားရင်ပြန်လှုပ်နိုးလာတတ်တာပဲမဟုတ်လား…ဒါ့ကြောင့် ကောင်လေးဟာ လက်ကိုင်ပဝါပေးဖူးတဲ့ကောင်မလေးရဲ့လိပ်စာကိုစုံစမ်းပြီး စာလေးပို့ပေးဖို့ကြိုးစားပါတယ်…သူကြိုးစားတာအောင်မြင်တယ်လို့ပြောရပါ့မယ်…ကောင်မလေးဆီက ပြန်စာလေးတွေရောက်လာတတ်တယ်…သူ့အတွက်နေ့ရက်တိုင်းဟာ အဓိပ္ပါယ်ရှိလာသလိုပါပဲ…ဒါပေမဲ့ ဒီစာလေးတွေရဲ့နောက်ကွယ်မှာ သူလုံးဝမမျှော်လင့်ထားတဲ့ ဖြစ်ရပ်တွေဆက်တိုက်ဖြစ်လာပါတော့တယ်…စာရေးဆရာတစ်ယောက်ရဲ့စကားကိုကိုးကားပြောရမယ်ဆိုရင်ကျွန်တော်တို့ဟာ အားလုံးကိုစွန့်လွှတ်ရရင်တောင်Romance နဲ့ Drama ဇာတ်ကားလေးတွေကိုတော့ ချိုမြိန်စွာခံစားခွင့်ရှိကြတယ်မဟုတ်လား…

0 comments:

Post a Comment