Toofaan (2021)


 

Rating : 5.0/10
Country : India
Genre : Thriller, Drama, Action
Released Date : 2021
Duration : 2h 43min

အညွှန်း

လက်ဝှေ့ကားတွေကြိုက်တတ်တဲ့ ပရိတ်သက်ကြီအတွက် အိန္ဒိယလက်ဝှေ့ကားလေးတစ်ကား တင်ဆက်ပေးပါ့မယ်။
အာဇစ်အာလီက မွတ်ဆလင်မိဘမဲ့ဂေဟာမှာကြီးပြင်းလာတဲ့ သူဌေးကြီးတစ်ယောက်ရဲ့လက်ကိုင်တုတ် အကြွေးတောင်းလူမိုက်ပေါ့။
လက်ဝှေ့ထိုးတာကိုတော့ သူစိတ်ဝင်စားမိတယ်။ လက်ဝှေ့ကို နည်းစနစ်မှန်မှန်နဲ့ထိုးနိုင်ဖို့အတွက် နာနာပရာဘူဆိုတဲ့
နာမည်ကြီးလက်ဝှေ့နည်းပြဆီမှာ သင်ယူခွင့်ရဖို့ကြိုးစားပါတော့တယ်။

နာနာပရာဘူက မွတ်ဆလင်တွေကိုဆိုရင် အကြမ်းဖက်သမားတွေလို့သာ မြင်တတ်တဲ့သူတစ်ယောက်ဖြစ်ပြီး
အာဇစ်ကလည်း လူဆိုးလူမိုက်ဆိုတော့ လွယ်တော့မလွယ်ပါဘူး။တစ်နေ့တော့ အာဇစ်အာလီ ရန်ဖြစ်ပြီးဒဏ်ရာရလို့
ဆေးရုံလာပြရင်းနဲ့ အန်နန်ရာဆိုတဲ့ဆရာဝန်မလေးနဲ့ဆုံမိသွားကြတယ်။ အစပိုင်းမှာတော့ အန်နန်ရာက လူမိုက်မလို့ကြည့်မရပေမဲ့
နောက်ပိုင်းမှာတော့ အာဇစ်အာလီ လက်ဝှေ့သမားတစ်ယောက်ဖြစ်လာဖို့ သူကပဲအားပေးဖေးမခဲ့တယ်။

ဒီလိုအခက်အခဲတွေကြားကနေ လက်ဝှေ့သမားလမ်းကြောင်းပေါ်ရောက်လာတဲ့ အာဇစ်အာလီတစ်ယောက်
ဘယ်လိုအတားအဆီးတွေကို ကျော်ဖြတ်ရဦးမလဲ၊ ကံကြမ္မာကရော သူ့ကိုမျက်နှာသာပေးပါ့မလား၊
သူ့အိပ်မက်တွေရော တကယ်ဖြစ်လာမှာလားဆိုတာတွေကို စိတ်ဝင်စားဖို့ကောင်းကောင်းနဲ့ကြည့်ရှုကြရမှာပါ

 

0 comments:

Post a Comment