The Sleeping Dictionary (2003)

 


Rating : 6.6/10
Country : United State
Genre : Drama, Romance
Released Date : 2003
Duration : 1h 49min

အညွှန်း

ဒီလိုအိမ်တွင်းအောင်းကာလမှာ တစိမ့်စိမ့်သောက်ရမယ့် လက်ဖက်ရည်ကျစိမ့်တစ်ခွက်ဆိုတာ ဒီလိုဇာတ်ကားပါပဲ…မင်းသမီး Jessica Alba နဲ့ မင်းသား Hugh Dancy တို့ပါဝင်ထားပြီးမလေးရှားနိုင်ငံက Sarawak ဆိုတဲ့နေရာမှာ ရိုက်ကူးထားတာပါ။ မလေးရှားတိုင်းရင်းသားရိုးရာအလှအပ အဝတ်အစားတွေနဲ့ ၁၉၃၀ ဝန်းကျင်ကာလကို သေချာတင်ဆက်ထားတာမို့ဂျက်ဆီကာအယ်လ်ဘာကိုတောင် တိုင်းရင်းသူလေးအဖြစ် အမှတ်မှားသွားနိုင်ပါတယ်။Romantic Drama ဇာတ်ကားမျိုးထဲမှာ မတူတဲ့ရသတစ်မျိုးနဲ့ အမြဲသတိရသွားစေမယ့်ရုပ်ရှင်မျိုးပါပဲ။ဇာတ်လမ်းနာမည်လေးကလဲ ဆန်းတယ်.. အိပ်စက်ခြင်းအဘိဓာန်တဲ့ ..ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ ရှေးကျတဲ့ Tiban လူမျိုးတွေနေထိုင်တဲ့မလေးရှားက Sarawak ဒေသကို ယဉ်ကျေးမှုတွေဖလှယ်ပေးဖို့အတွက်အင်္ဂလိပ်လူငယ်လေးတစ်ယောက်ကို တာဝန်ပေးအပ်လိုက်ပါတယ် ..ထိုလူငယ်လေးဟာ မထင်မှတ်ဘဲ ဒေသခံမိန်းကလေးတစ်ယောက်နဲ့ချစ်ကြိုက်မိသွားခဲ့ပေမဲ့ဂုဏ်သိက္ခာကိုရှေ့တန်းတင်တဲ့ အင်္ဂလိပ်လူမျိုးတွေဘက်ကတော့ လက်ထပ်ဖို့သဘောမတူခဲ့ပါဘူး ..ဒီလိုနဲ့ သူတို့တွေကြားမှာဖြစ်ပေါ်လာတဲ့တင်းမာမှုတွေ၊အချစ်ရဲ့ဂုဏ်သိက္ခာအကြောင်းတွေTiban လူမျိုးတွေရဲ့ယဉ်ကျေးမှုစရိုက်တွေကို အသစ်အဆန်းအနေနဲ့တွေ့ကြုံခံစားရမှာပဲဖြစ်ပါတယ် ..အေးတိအေးစက် အချစ်ဇာတ်လမ်းသိပ်မကြိုက်တဲ့ ကျွန်တော်တောင် ဒီရုပ်ရှင်ကိုသဘောကျပါတယ် ..“အိပ်စက်ခြင်း အဘိဓာန်” ကဘာလဲဆိုတာ ခံစားကြည့်စေလိုပါတယ်။

0 comments:

Post a Comment