The Protégé (2021)


 

 

Rating : 6.5/10
Country : United State
Genre : Action, Crime, Thriller
Released Date : 2021
Duration : 1h 49min

အညွှန်း

နီကီတာဇာတ်လမ်းတွဲနဲ့ နာမည်ကြီးခဲ့တဲ့ မင်းသမီး Maggie Q..
မားသားဖက်ခါကြီး Samuel L. Jackson နဲ့
မူရင်းဘတ်မန်းကြီး Michael Keaton တို့ပါဝင်ထားတဲ့ ​
ကြေးစားလူသတ်သမား အသတ်အဖြတ်ကားမျိုးဖြစ်ပါတယ် 

ကြေးစားလူသတ်သမား မူဒီဟာ
ဗီယက်နမ်မှာတွေ့ခဲ့တဲ့ အန်နာဆိုတဲ့ကလေးလေးတစ်ယောက်ကို
​​သူ့ရဲ့တပည့်အဖြစ် လက်သပ်မွေးပြုစုပျိုးထောင်ခဲ့တာပါ…
အန်နာနဲ့မူဒီတို့ဟာ လိုက်ရှာဖို့မဖြစ်နိုင်တဲ့လူတွေကို
အဓိကလိုက်သတ်တဲ့ ​​​ကြေးစားဆရာတပည့်နှစ်ယောက်ဖြစ်လာပါတယ်…
တစ်နေ့တော့ မူဒီဟာ သူလိုက်ရှာဖို့အခက်ခဲဆုံးလူတစ်ယောက်ကို
ခြေရာခံဖို့ကြိုးစားရင်း လုပ်ကြံခံလိုက်ရပါတော့တယ်…
ဒါကြောင့်မို့ သူ့တပည့်မ အန်နာဟာ တရားခံကိုအဖြေရှာဖို့နဲ့ မူဒီရှာခဲ့တဲ့လူကိုဆက်ရှာတဲ့အခါမှာ…
နောက်ကွယ်မှာပါဝင်ပတ်သတ်နေတဲ့လူတွေက ဘယ်သူတွေဖြစ်နေမလဲဆိုတာ…။

မင်းသမီးလည်းမိုက် မင်းသားတွေကလည်း
ဆရာကြီးတွေဖြစ်ပြီး အတိုက်အခိုက်အပစ်အခတ်တွေလည်း မိုက်တာမို့
ဂျွန်ဝစ်လို သွေးအေး Action ဇာတ်ကားမျိုးတွေကို လွမ်းနေတဲ့သူတွေအဖို့
အလွမ်းပြေစေမယ့်ဇာတ်ကားမျိုးဖြစ်ပါတယ်

 

0 comments:

Post a Comment