How It Ends (2021)


 

 

Rating : 5.2/10
Country : United State
Genre : Comedy
Released Date : 2021
Duration : 1h 22min

အညွှန်း

ကမ္ဘာကြီးအဆုံးသတ်မယ့်နေ့ကို ကြိုသိခဲ့မယ်ဆိုရင် အဲဒီနေ့မှာ ဘာလုပ်မှာလဲ…

“How It Ends” ဇာတ်လမ်းထဲက Liza ဆိုတဲ့ အမျိုးသမီးလေးကတော့ ကမ္ဘာကြီးအဆုံးသတ်မယ့်နေ့မှာ သူများတွေလိုနှုတ်ဆက်ပါတီတက်မယ့်အစား၊ တစ်ယောက်တည်း အချိန်ဖြုန်းပစ်ဖို့ ဆုံးဖြတ်ထားခဲ့ပါတယ်။ ဒါပေမဲ့ မမျှော်လင့်ဘဲ crush နဲ့တွေ့ရာကနေ သူ့အစီအစဉ်ကို ပြောင်းလဲပစ်လိုက်ဖို့ ဖြစ်လာခဲ့ပါတယ်။ သူ့ဘ၀မှာ အဆုံးမသတ်ဘဲထားပစ်ခဲ့မိတဲ့ နောင်တတွေကို ပြန်လည်ပြင်ဆင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

အဲဒီလိုနဲ့ သွားရမယ့်မနက်မှာ ကားအခိုးခံရတာကြောင့် သူ့ရဲ့ငယ်ဘ၀ကိုယ်ပွားလေးနဲ့ အတူ လမ်းလျှောက်ထွက်လာဖြစ်ခဲ့ပါတယ်။ လမ်းတစ်လျှောက်မှာ ကမ္ဘာကြီးအဆုံးသတ်မယ့်နေ့ကို ပုံစံမျိုးစုံနဲ့ ဖြတ်သန်းနေကြတဲ့သူအမျိုးမျိုးကို တွေ့ခဲ့ရပါတယ်။ တစ်နေ့တည်းမှာတင်ကြည်နူးစရာ၊ ၀မ်းနည်းစရာ၊ ရယ်စရာ၊ ကြောင်တောင်တောင်နိုင်တာတွေနဲ့ အပြောင်းအလဲပေါင်းစုံပါပဲ။ နောက်‌ဆုံးမှာ Liza တစ်ယောက် သူဖြစ်ချင်တဲ့ပုံစံအတိုင်း အဆုံးသတ်ခွင့်ရပါ့မလား…၊ ဘယ်လိုအရာတွေ ကြုံရဦးမလဲ… ဆိုတာကလည်း စိတ်၀င်စားစရာပါပဲ။

စိတ်ကူးယဉ်ပုံစံ ဒရမ်မာဇာတ်မြူးလေးဆိုပေမဲ့လည်း တွေးစရာတွေနဲ့သင်ခန်းစာ‌တွေအများကြီးရစေသလို ပေါ့ပေါ့ပါးပါး ကြည့်လို့ကောင်းတာကြောင့် စိတ်ဓာတ်ခွန်အားရစေဖို့ ကြည့်သင့်တဲ့ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်အဖြစ် ညွှန်းလိုက်ပါရစေနော်။

 

0 comments:

Post a Comment