The Old Ways (2020)


 

 

Rating : 5.5/10
Country : United State
Genre : Fantasy, Horror
Released Date : 2021
Duration : 1h 30min

အညွှန်း

ခရစ်စတီးနားဟာ မက္ကဆီကိုဇာတိ သတင်းထောက်တစ်ယောက်ဖြစ်ပြီး သူ့ဒေသကိုပြန်ပြီး သူ့မိသားစု၊ ရိုးရာဓလေ့အမွေအနှစ်တွေကိုပြန်လေ့လာဆက်သွယ်ချင်တဲ့ ဆန္ဒပြင်းပြနေသူပါ။ သူ့မိခင်ကတော့ သူငယ်စဉ်ကတည်းက မကောင်းဆိုးဝါးပူးကပ်ခံခဲ့ရပြီး မကောင်းဆိုးဝါးကိုနှင်နေချိန်မှာ သေဆုံးခဲ့တာဖြစ်ပါတယ်။

ဒီလိုနဲ့အလုပ်တာဝန်တစ်ခုနဲ့ ပြန်အလာမှာ ဒေသခံတွေမသွားနဲ့လို့ အတန်တန်တားကြတဲ့ ဂူပျက်ကြီးတစ်ခုကိုအရောက်သွားခဲ့ပြီးထိတ်လန့်စရာတွေနဲ့ကြုံတွေ့ရာကနေ သတိလစ်သွားခဲ့ပါတယ်။ သူသတိပြန်လည်လာချိန်မှာတော့ အခန်းတစ်ခန်းထဲမှာဒေသခံမိသားစုတစ်စုက သူ့ကို သံကြိုးခတ်ချုပ်နှောင်ထားတာကိုသိလိုက်ရပါတယ်။ အဲ့ဒီမိသားစုဟာ bruja (စုန်းအနွယ်) မိသားစုဖြစ်ပြီး သူ့ကိုယ်ထဲမှာ မကောင်းဆိုးဝါးပူးကပ်ခံထားရတယ် အဲ့ဒါကိုနှင်မှဖြစ်မယ်လို့အခိုင်အမာဆိုပါတယ်။

ဒီဒေသရဲ့ဇာတိဖြစ်ပေမယ့် ခေတ်မှီတိုးတက်တဲ့နိုင်ငံမှာမွေးဖွားကြီးပြင်းလာတဲ့သူပီပီ ဒီလိုကိစ္စတွေအကိုအယုံအကြည်မရှိပဲအကြောက်အကန်ငြင်းဆန်ခဲ့ပေမယ့် သူမယုံလို့မဖြစ်တော့တဲ့အထိ ထိတ်လန့်ခြောက်ခြားစရာအဖြစ်တွေ ဆက်တိုက်ကြုံရလာရတဲ့အချိန်မှာ..။

ရှေးရိုးစွဲအယူသည်းပြင်းထန်တဲ့အပြင် လူသူအရောက်အပေါက်နည်းပြီးပြင်ပလောကနဲ့အဆက်အဆံနည်းတဲ့ဒေသတစ်ခုရဲ့ရိုးရာယုံကြည်မှု၊ အစွဲအလန်းဓလေ့ထုံးစံတွေဟာ အာရှဘက်နဲ့လဲအတော်တူညီနေတာကိုတွေ့ရပါလိမ့်မယ်။

အပင်းသွင်းတာ၊ အစွဲချွတ်တာ၊ပူးကပ်နှောင့်ယှက်တာ ဂါထာမန္တရားစတာမျိုးတွေသုံးသွားတာတွေကလဲ ပုံစံဆင်ပါတယ်။ Jump scare တွေတရားလွန်သုံးမထားပဲ နောက်ခံတေးဂီတ သရုပ်ဆောင်တွေရဲ့အမူအယာနဲ့တင်ထိတ်လန့်ကြောက်ရွံ့တဲ့ခံစားချက်ရလာအောင် ပါးပါးနပ်နပ်လုပ်ယူသွားနိုင်တာကလဲ အတော်မိုက်ပါတယ်။ ခံစားကြည့်ကြစေချင်ပါတယ်။

 

0 comments:

Post a Comment