Body of Evidence (1993)


 

 

Rating : 4.5/10
Country : United State
Genre : Drama, Thriller, Adult
Released Date : 1993
Duration : 1h 39min

အညွှန်း

မက်ဒေါနားရဲ့ အဖော်အချွတ်တွေကြောင့် ဒီဇာတ်ကားဟာ Best Erotic Thriller ထဲမှာ နာမည်ကြီးပါတယ်…

၉၀ ခုနှစ်များဆီက ရှာရွန်စတုန်းရဲ့နာမည်ကျော် Basic Instinct လိုပဲ မက်ဒေါနားကိုလဲ ဒီဇာတ်ကားနဲ့တွဲမြင်ကြပါတယ်…

အဖော်အချွတ်သီးသန့်မဟုတ်ဘဲ လူသတ်တဲ့လှည့်ကွက်ဇာတ်အိမ်လေးနဲ့ဆိုတော့ တက်ကြွစွာလိုက်ပါစီးမျောရမယ့်ဇာတ်ကားမျိုးပါ…

အဆိုတော်မင်းသမီး Madonna နဲ့အတူ မင်းသားကြီး Willem Dafoe နဲ့ မင်းသမီးကြီး Julianne Moore တို့က

အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။

ဇာတ်လမ်းကတော့….
ရှေ့နေကြီး ဖရန့်ဒူလေးနီ (Willem) ဟာ အင်မတန်တော်တဲ့ ရှေ့နေတစ်ယောက်ဖြစ်ပါတယ်။
တစ်နေ့ ဖရန့်ဆီကို အမှုတစ်မှုရောက်လာပါတယ်။ အမှုကတော့ ချမ်းသာကြွယ်ဝတဲ့
အသက်ကြီးကြီးဘိုးတော်တစ်ယောက်ဟာ အိပ်ယာပေါ်မှာ သေဆုံးနေတဲ့အမှုပါ။
ဆေးစစ်ချက်များအရ နှလုံးဖောက်သေဆုံးတာဖြစ်ပေမဲ့ ကိုကိန်းသုံးစွဲထားတဲ့လက္ခဏာလည်းတွေ့ရတဲ့အပြင်
လက်ကောက်ဝတ်မှာလည်း လက်ထိပ်ရာများတွေ့ရတာဖြစ်လို့ လူသတ်မှုလို့ ထင်စရာရှိတဲ့အနေအထားဖြစ်နေပါတယ်။
ဘိုးတော်ရဲ့အိမ်ထဲမှာ BDSM လုပ်တဲ့နေရာမှာသုံးတဲ့ ပစ္စည်းကိရိယာတွေလည်းတွေ့ထားတဲ့အပြင် ဗွီဒီယိုစက်မှာလည်း
ဟုမ်းမိတ်ဗွီဒီယိုတစ်ခုက ပွင့်လျက်အနေအထားနဲ့ ရှိနေပါတယ်။
အဓိကသံသယအဝင်ခံရသူကတော့ ထိုဘိုးတော်နဲ့ တွဲနေတဲ့ ငယ်ရွယ်တဲ့အမျိုးသမီးလေး ရေဘတ်ကာကာလ်ဆင်(Madonna)ပဲဖြစ်ပါတယ်။
သံသယပိုအဝင်ခံစရာကောင်းတာက ဘိုးတော်ရဲ့သေတမ်းစာထဲမှာ ရေဘတ်ကာရဲ့နာမည်နဲ့ ဒေါ်လာ ၈ သန်းအမွေထားခဲ့ပေးတဲ့ကိစ္စပါပဲ။
ရှေ့နေကြီးဖရန့်ဟာ ဒီအမှုကို ရေဘတ်ကာဘက်ကနေ လိုက်ပေးပြီး ဘယ်လိုဖြေရှင်းမလဲဆိုတာကို စိတ်ဝင်တစားကြည့်ရမယ့်ကားလေးပါ။
တစ်ခုတော့ရှိတယ် ဒီဇာတ်ကားမှာ လိင်ဆက်ဆံတဲ့အခန်းတွေ ဖောဖောသီသီပါဝင်တာဖြစ်လို့ မိသားစုနဲ့အတူကြည့်ဖို့မသင့်တော်ပါဘူး။
၁၈ ယောက်စုပြီးမှကြည့်ဖို့ အကြံပေးချင်ပါတယ်။

 

0 comments:

Post a Comment