Song Song (2021)


 

 

Rating : 4.9/10
Country : Vietnam
Genre : Drama, Mystery, Thriller
Released Date : 2021
Duration : 1h 45min

အညွှန်း

ဗီယက်နမ် Thriller ရုပ်ရှင်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဖြစ်ဖူးကျမလား မသိဘူး။

ကိုယ်နဲ့တူတဲ့ ကိုယ်မဟုတ်တဲ့ တခြားတစ်ယောက်ကို လက်ရှိအခြေနေနဲ့မတူတဲ့​အနေအထားတစ်ခုနဲ့ သူ့ကို

အိပ်မက်မက်တာမျိုး။ဒါမျိုး ဖြစ်ဖူးရင်တော့ လိပ်ပြာအကျိုးသက်ရောက်မှု( Butterfly Effect)ကို ပိုပြီးစိတ်ဝင်စားမိမှာပါ။

နေရာတစ်နေရာက လိပ်ပြာတစ်ကောင်တောင်ပံခတ်လိုက်တာဟာ အခြားနေရာတစ်ခုမှာတော့ အပြောင်းအလဲကြီးစွာ

ဖြစ်ပြီး ဟာရီကိန်းမုန်တိုင်းတစ်ခု ဖြစ်လာနိုင်ပါတယ်။ဖြစ်လာမယ့်ကံတစ်ခုကို ( ဒီဘက်ကမ္ဘာမှာဖြစ်စေ၊

အခြားအပြိုင်ကမ္ဘာမှာ ဖြစ်စေ)ဘယ်လောက်သေးငယ်တဲ့ ကိစ္စလေးမဆို ရှောင်လွှဲဖို့ ကြိုးစားတယ်ဆိုပါစို့။

အကျိုးဆက်ကတော့ ပြောမပြနိုင်လောက်အောင် ကြီးမားတဲ့အပြောင်းအလဲဖြစ်ရပ်တွေဖြစ်လာနိုင်ပါတယ်

ဇာတ်လမ်းအကျဥ်း- မိသားစုနဲ့အတူ အိမ်အသစ်ကိုပြောင်းလာတဲ့ တန်ဆိုတဲ့ဆရာဝန်မလေးတစ်ယောက် ရှိပါတယ်။

သူတို့အိမ်မှာ လွန်ခဲ့တဲ့နှစ်နှစ်ဆယ်က နေခဲ့တဲ့ လဲဖောင်ဆိုတဲ့ကောင်လေးတစ်ယောက်အကြောင်းကို အိမ်နီးချင်းဆီကနေ

ကြားခဲ့ရပါတယ်။စိတ်မကောင်းဖြစ်နေတဲ့တန်ဟာ တီဗီကနေ လဲဖောင်နဲ့ ဆက်သွယ်မိတဲ့အချိန်မှာ ဒီကံကို ရှောင်လွှဲဖို့

ကြိုးစားပါတော့တယ်။လောကကြီးဟာ သေးငယ်တဲ့အကြောင်းအရာတစ်ခုကိုတောင်လွယ်လွယ်ပြောင်းလဲမခံပါဘူး။

ဒီ ပြောင်းလဲမှုလေးတစ်ခုရဲ့ အကျိုးဆက်က ဘာတွေဖြစ်လာမလဲ?

ဒီရုပ်ရှင်က လူကိုငြိမ့်နေအောင် ဆွဲခေါ်သွားနိုင်လို့ ရိုက်ထားတဲ့ ဒါရိုက်တာကို မချီးကျူးပဲ မနေနိုင်ပါဘူး။Netflix ကတော့

ဒီကားကို ဝယ်ပြီးပြန်ပြတာထင်ပါတယ်။ Netflix Origin ရုပ်ရှင်တော့ မဟုတ်ပေမယ့်

စိတ်ဝင်စားဖို့တကယ်ကောင်းတာမို့ ကြည့်ကြည့်ကြပါနော်

 

0 comments:

Post a Comment