Ramprasad Ki Tehrvi (2019)


 

 

Rating : 7.5/10
Country : India
Genre : Drama, Comedy
Released Date : 2019
Duration : 1h 55min

အညွှန်း

ဒီဇာတ်ကားက ၂၀၁၉ မွမ်ဘိုင်းဖလင်ပွဲတော်မှာ ပြသခဲ့ပေမယ့်

တကယ်ရုံတင်တာကတော့ ၂၀၂၁ ဇန်နဝါရီကမှ ရုံတင်ထားတဲ့ရုပ်ရှင်ဖြစ်ပါတယ်။

Family Drama အမျိုးအစားဖြစ်ပြီး မင်းသား၊မင်းသမီးတွေရော ဇာတ်လမ်းနဲ့တင်ပြမှုပုံစံရော

အဖက်ဖက်က ပြည့်စုံတာကြောင့် ဝေဖန်ရေးဆရာတွေရဲ့ချီးကျူးမှုရရှိခဲ့သလို နိုင်ငံတကာ Rating တွေလဲ ကောင်းပါတယ်

ဇာတ်လမ်းကတော့…

ဖခင်ကြီး Ramprasad သေဆုံးသွားတဲ့အချိန်မှာ ဟိန္ဒူရိုးရာအခမ်းအနားနဲ့ ကောင်းမွန်စွာဆောင်ရွက်ကြဖို့

မိသားစုတွေ ပြန်လည်တွေ့ဆုံကြပါတယ်…

မိသားစုညီကိုမောင်နှမဆိုတာမျိုးက တစ်ခါတစ်လေ အဝေးကြီးနေပေမယ့် နီးစပ်နေသလို

တခါတလေလဲ အခန့်မသင့်တာနဲ့ မခေါ်မပြောနိုင်ဖြစ်တတ်ကြတာမျိုးပဲ…

အရှေ့တိုင်းလို အိန္ဒိယလိုနိုင်ငံမျိုးမှာတော့ ပိုရှုပ်ထွေးတဲ့ဆက်နွယ်မှုတွေရှိတာပေါ့…

မိသားစုကြီးကနေ ပညာစုံကြင်ယာစုံလို့ သီးသန့်အိမ်ထောင်ခွဲသွားကြပေမယ့်

ကိုယ်ပိုင်မိသားစုတစ်ခုစီတိုင်းမှာလဲ ကိုယ်ပိုင်ဝေဒနာတွေက အသီးသီးရှိနေကြတာပဲ..။

ဒီလို မိသားစုတွေကြားက ပြသနာလေးတွေကို အချိတ်အဆက်မိမိ တင်ပြထားတဲ့ရုပ်ရှင်ဖြစ်ပါတယ်။

ဝါရင့်သရုပ်ဆောင်များစွာ သရုပ်ဆောင်သစ်များစွာပါဝင်ထားတဲ့အပြင်

Haseen Dillruba ထဲက မင်းသား Vikrant Massey လဲပါဝင်ထားပါသေးတယ်။

မိသားစုနဲ့အေးဆေးကြည့်ရှုဖို့သင့်တော်မယ့်ဇာတ်ကားပါ

 

0 comments:

Post a Comment