Sarpatta Parambarai (2021)


 

Rating : 8.8/10
Country : India
Genre : Action, Sport, Drama
Released Date : 2021
Duration : 1h 53min

အညွှန်း

ဒီတစ်ခါအလှည့်ကျတာကတော့ Sarpatta Parambaraiဆိုတဲ့ အိန္ဒိယလက်ဝှေ့ကားကောင်းတစ်ကားဇာတ်လမ်းအကျဉ်းအနေနဲ့
မဒရပ်စ်မြို့က နယ်ခံလက်ဝှေ့အသင်းပေါင်းများစွာရှိတာမှာ ဆာပတ်တာအသင်းနဲ့ အီဒီယာပါအသင်းက
နာမည်ကြီးပြိုင်ဘက်နှစ်သင်းဖြစ်ပါတယ်

နာမည်ကြီးလက်ဝှေ့ကစားသမားဟောင်း “ရန်ဂန်း”ဦးဆောင်တဲ့ ဆာပတ်တာအသင်းရဲ့လက်ဝှေ့သမားတွေက
ကျန်တဲ့အသင်းမှန်သမျှလက်ဝှေ့သမားတွေကို အလဲထိုးအနိုင်ယူနိုင်ပေမဲ့ သူ့ပြိုင်ဘက်ဖြစ်တဲ့အီဒီယာပါအသင်းက
“ဗန်ဘုလီ”ဆိုတဲ့လက်ဝှေ့သမားကိုတော့ တစ်ယောက်မှအလဲမထိုးနိုင်ကြပါဘူး
တစ်နှစ်ပြီးတစ်နှစ် လူတစ်ယောက်ပြီးတစ်ယောက်သာပြောင်းသွားတယ် “ဗန်ဘုလီ”ကိုနိုင်မဲ့သူကတော့ပေါ်မလာခဲ့ပါဘူး
လူတွေရဲ့အထင်သေးရွဲ့စောင်းမှုတွေကိုသည်းမခံနိုင်တော့တဲ့ “ရန်ဂန်း”က နောက်ထပ်ပြိုင်မဲ့ပွဲမှာ သူတို့အသင်းက
“အီဒီယာပါအသင်း”ကိုထပ်ရှုံးခဲ့ဦးမယ်ဆိုရင် ကြိုးဝိုင်းထဲကိုတစ်သက်လုံးပြန်မဝင်တော့ဘူးဆိုပြီး စိန်ခေါ်မှုတစ်ခုလုပ်ခဲ့ပါတော့တယ်
အသင်းရဲ့နာမည်ကြီးကစားသမားမှန်သမျှကလည်း “ဗန်ဘုလီ”ဆီမှာအလဲထိုးခံထားရတာကြောင့် နည်းပြရန်ဂန်းအနေနဲ့
လူသစ်လက်ဝှေ့သမားကိုလိုက်ရှာရပါတော့တယ်။

ဒီဇာတ်ကားရဲ့ဇာတ်လိုက်ဖြစ်တဲ့ “ကတ်ဘီလန်”ကတော့ ငယ်ငယ်လေးကတည်းက လက်ဝှေ့ထိုးတာကို
အရမ်းဝါသနာပါပေမဲ့ သူ့အမေက သူလက်ဝှေ့ထိုးရင်ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ပစ်မယ်ဆိုပြီး ခြိမ်းခြောက်ထားတာကြောင့် လက်ဝှေ့ပွဲတွေကိုတောင် ခိုးကြောင်ခိုးဝှက်သွားကြည့်ရတဲ့သူတစ်ယောက်ပါ။
လက်ဝှေ့သမားကောင်းဗီဇပါလာပြီး စိတ်အရမ်းထက်သန်တဲ့တစ်ယောက် “ကတ်ဘီလန်”ရဲ့အရည်အချင်းတွေကို နည်းပြရန်ဂန်းတစ်ယောက်သတိထားမိမှာလား
သူ့သားလက်ဝှေ့သမားဖြစ်မှာကို သေမလိုကြောက်တဲ့ “ကတ်ဘီလန်”ရဲ့အမေကိုရော ခွင့်ပြုလာအောင်နားချနိုင်မလားဆိုတာကိုတော့ ဒီဇာတ်ကားထဲမှာဆက်လက်စောင့်ကြည့်ပေးကြပါဦး.

 

0 comments:

Post a Comment