Out of Death (2021)

 




Rating : 3.1/10
Country : United State
Genre : CRime,  Thriller
Released Date : 2021
Duration : 1h 35min

အညွှန်း

မင်းသားကြီး Bruce Willis ပါဝင်သရုပ်ဆောင်ထားတဲ့ 2021 ထွက်ကားသစ်ကိုတင်ဆက်ပေးပါရစေ။16 July မှ released date မို့ imdb rating တော့မတတ်သေးပေမယ့် popularity ကတော့ တရိပ်ရိပ်တတ်နေတဲ့ကားပါ။

ဇာတ်လမ်းက စိတ်ဝင်စားစရာကောင်းလို့ အညွှန်းနည်းနည်းလေးညွှန်းပြီး ကိုယ်တိုင်ခံစားကြည့်ရှုစေချင်ပါတယ် . ဇာတ်လမ်းအစက ရဲမေ တစ်ယောက်နဲ့ ဘိန်းမှောင်ခိုလုပ်တဲ့ကောင်တို့ရဲ့ ချစ်ခန်းနဲ့စတင်ထားသလို . အပေးအယူလုပ်တဲ့အခန်းနဲ့စတယ်ဆိုလည်းမမှားပါဘူး။ သူတို့အပေးအယူမတည့်ကြတဲ့အခါ ထုံးစံအတိုင်းလက်နက်ရှိသူဟာ အနိုင်ကျင့်စမြဲဆိုပါတော့ဒါပေမယ့် ဒီဖြစ်စဥ်ကိုတွေ့မြင်သွားသူကတော့ အဖေ့ရဲ့အရိုးပြာကိုကျဲပေးဖို့ တောထဲလာခဲ့တဲ့ ကောင်မလေးတစ်ယောက်ပဲဖြစ်ပါတယ်။ သူမက ဒီဖြစ်စင်ကိုတွေ့မြင်သွားတဲ့အတွက် အန္တရာယ်တွေဟာ တောက်လျောက်လိုက်ပါလာပြီး . ပြေးရင်းလွှားရင်းနဲ့ ကတုံး(Bruce Willis)နဲ့ဆုံတွေ့ကြရာကနေ ဒီဇာတ်လမ်းကို စိတ်ဝင်တစားတွေ့မြင်ရမှာဖြစ်ပါတယ်။

0 comments:

Post a Comment