No Man of God (2021)


 

 

Rating : 6.6/10
Country : United State
Genre : Drama, Biography, Crime
Released Date : 2021
Duration : 1h 40min

အညွှန်း

Ted Bundy ဆိုတဲ့ အမျိုးသားကတော့ အမေရိကားရဲ့ Serial Killer တွေထဲက တစ်ယောက်အပါအဝင်ပဲဖြစ်ပါတယ်။ သူဟာဆိုရင် မိန်းမငယ်လေးတွေကို ပြန်ပေးဆွဲ၊ မုဒိန်းကျင့်ပြီးတော့ သတ်ပစ်ခဲ့တဲ့သူပါ။ ၁၉၇၀ ဝန်းကျင်မှာ မိန်းမငယ်လေးတွေကို ရုပ်ဖြောင့်ဖြောင့်၊ အပြောကောင်းကောင်းလေးတွေနဲ့ ဖမ်းစားတတ်ပါတယ်။ ဒီထက်လည်း စောချင်စောနိုင်ပါတယ်။ ဘယ်သူမှတပ်အပ်မသိကြသလို Ted Bundy ကိုယ်တိုင်ကလည်းအဖမ်းခံရပြီးတာ‌တောင် ဆယ်စုနှစ်တစ်ခုကြာတဲ့အထိ ငြင်း‌ဆို‌နေခဲ့တာပါ။ အဲဒီနောက်မှာတော့ ပြည်နယ် ၇ ခုမှာ လူ ၃၀ ‌ကို သတ်ပစ်ခဲ့ကြောင်း ဝန်ခံလာခဲ့ပါတယ်။ ဒါပေမယ့် လူအများကတော့ ဒီထက်ပိုမယ်လို့ ယုံကြည်ထားကြပါတယ်။ Ted Bundy ကိုတော့ January 24, 1989 မှာ လျှပ်စစ်ခုံနဲ့ သတ်ပစ်ခဲ့ကြပါတယ်။

No Man of God မှာတော့ Ted Bundy ရဲ့ ဘဝအကြောင်းကို ပြည့်ပြည့်စုံစုံမြင်ရမှာ မဟုတ်ဘဲ၊ အထူးအေးဂျင့်ဖြစ်သူ Bill Hagmaier နဲ့ Ted Bundy ရဲ့ ဆက်ဆံရေးကိုပဲ မြင်တွေ့ရမှာဖြစ်ပါတယ်။ ရုပ်ရှင်ရဲ့အစိတ်အပိုင်းတော်တော်များများက သူတို့နှစ်ယောက် အခန်းတစ်ခုမှာ စကားထိုင်ပြောနေတာတွေပဲဆိုတော့ ပျင်းစရာကောင်းရင် ကောင်းနေနိုင်ပေမယ့် တကယ်စိတ်နှစ်ပြီး ကြည့်မယ်ဆိုရင်တော့ Ted Bundy ဆိုတဲ့ လူတစ်ယောက်အကြောင်းကို ကောင်းကောင်းသိနိုင်မယ်လို့ထင်ပါတယ်။

 

0 comments:

Post a Comment