Werewolves Within (2021)


 

 

Rating : 6.2/10
Country : United State
Genre : Comedy, Horror
Released Date : 2021
Duration : 1h 37min

အညွှန်း
ပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်တဲ့ဓာတ်ငွေ့ပိုက်လိုင်း တစ်ခုကို အကြောင်းပြုပြီး စိတ်ဝမ်းကွဲနေကြတဲ့ ဘီဗာဖီးဆိုတဲ့ မြို့လေးတစ်မြို့။ ဒီမြို့လေးကို လူသစ်တစ်ယောက် သစ်တောထိန်းသိမ်းရေးရိန်ဂျာအနေနဲ့ ရောက်လာပြီးနောက်ပိုင်းမှာ ထူးဆန်းတဲ့ အဖြစ်အပျက်တွေ တစ်ခုပြီး တစ်ခုဖြစ်ပေါ်လာခဲ့ပါတယ်။

တစ်နေ့ နှင်းမုန်တိုင်းတစ်ခုကြောင့် မြို့သားတွေအကုန် တစ်နေရာထဲမှာ ပိတ်မိနေကြပြီးနောက် အမည်မသိ သတ္တဝါတစ်ကောင်ရဲ့ တိုက်ခိုက်ခြင်းကို ခံလာရတဲ့အခါ။ နဂိုကတည်းက အချင်းချင်းမယုံကြည်ကြတဲ့ ဒီမြို့သားတွေကြားမှာ အခြေအနေတွေက တဖြည်းဖြည်းပိုတင်းမာလာခဲ့ပါတယ်။ ဒီလိုနဲ့ သတ္တဝါကြီးကိုရှာရင်း ရှိပြီးသားတင်းမာမှုတွေကြောင့် သူတို့အချင်းချင်း အန္တရာယ်ပြုလာကြတဲ့အခါ သူတို့ရဲ့ အတ္တတွေကြားမှာ သူတို့ ဘယ်လို အဆုံးသတ်သွားတယ်။

နောက်ဆုံးမှာ သူတို့ရှာနေတဲ့ သတ္တဝါကြီးက ဘယ်သူလဲ။ ဒီမြို့သေးသေးလေးက လူတွေဟာ ဘာကြောင့် ဒီလောက်ထိ စိတ်ဝမ်းကွဲသွားကြတာလဲ ဆိုတဲ့ အကြောင်းအရာတွေကို ရင်ခုန်စိတ်လှုပ်ရှားဖွယ် တင်ဆက်ထားတဲ့ ဒီဇာတ်ကားလေးဟာ ကြည့်ရှုသူပရိတ်သတ်အပေါင်းအတွက် စိတ်ဝင်စားဖွယ်၊ သင်ခန်းစာရဖွယ်ဖြစ်မှာ အမှန်ပဲဖြစ်ပါတယ်

0 comments:

Post a Comment