Midnight My Love (2005)


 

 

Rating : 7.1/10
Country : Thai
Genre : Crime, Drama, Romance
Released Date : 2005
Duration : 1h 40min

အညွှန်း
“မွေ့ယာပေါ် အိပ်မှ မဟုတ်ပါဘူး
ကျောက်လမ်းပေါ် အိပ်သူလည်း
နတ်သမီးအိပ်မက် မက်ခွင့်ရှိတယ်”  ………လို့ တာရာမင်းဝေက ရေးသားဖူးခဲ့တယ်

ဘဝမှာ လူတိုင်း အချစ်ကို ထိတွေ့ခွင့်ရှိပါတယ်
ချမ်းသာတဲ့လူလည်း အချစ်ရှိသလို ဆင်းရဲတဲ့လူမှာလည်း ချစ်တတ်တဲ့ နှလုံးသားရှိကြပါတယ်

ဒီကားလေးမှာတော့ ရိုးသားပြီးအနေအေးတဲ့ တက္ကစီဒရိုင်ဘာနဲ့ မိသားစုကြောင့် ဉာဉ့်ငှက်လုပ်နေတဲ့

ကောင်မလှလှလေးအကြောင်းကို ရိုးရိုးရှင်းရှင်းလေး ရိုက်ပြထားပါတယ်

အတိတ်ကအမှားတွေကြောင့် ရိုးရိုးရှင်းရှင်းနဲ့ လူကောင်းဖြစ်ဖို့ ‌ကြိုးစားနေတဲ့ ရေဒီယိုဇာတ်လမ်းကြိုက်တဲ့ Som အဖြစ်

ဟာသမင်းသားကြီး Petchtai Wongkamlao မှ ရှားရှားပါးပါး တည်တည်တံ့တံ့သရုပ်ဆောင်ထားပြီး

မင်းသမီးကတော့ Woranut Wongsawan ဖြစ်ပါတယ်။

 

0 comments:

Post a Comment