Karwaan (2018)


Rating : 7.5/10
Country : India 
Genre :  Comedy, Drama
Cast :  Salman Khan, Karisma Kapoor, Om Puri
Released Date : 2018
Duration :   1h 54min

အညွှန်း



Bollywood ပရိသတ်တွေအတွက် မင်းသားကြီး အစ်ဖန်းခန်း(မ်)ရဲ့ ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်


IMDb 8/10 နှင့် Rotten 71%ထိရရှိထားပြီး အမှန်အကန် ဟာသ, ဒရာမာ ဇာတ်လမ်းကောင်း တစ်ပုဒ်လည်းဖြစ်ပါတယ်


ဇာတ်လမ်းလေးကတော့ ...


အဗီနက်(ရှ်)

=========

လောကမှာ ဆန္ဒနဲ့ဘဝတစ်ထပ်တည်းကျတယ်ဆိုတာ အင်မတန်ပြီးပြည့်ဆုံတဲ့ တောင်းဆုတစ်ခုမဟုတ်လား


ဒါပေမဲ့ ကံကြမ္မာမျက်နှာသာမပေးတဲ့အခါတွေမှာ ကိုယ့်ဆန္ဒတွေ ဝါသနာတွေကို ဘေးချထားပြီး ပျော်ရာမနေ တော်ရာမှာနေရတဲ့သူတွေ ဒုနဲ့ဒေးပါ


ဝါသနာပါရာကိုလျှောက်လှမ်းခွင့်မပြုခဲ့တဲ့အဖေကြောင့်စိတ်မပါတဲ့အလုပ်တစ်ကိုလုပ်လူသာရှင်ပြီး ဘဝသေဆုံးသူတစ်ယောက် မျက်နှာအပျော်အပြုံးဆိုတာ မမြင်ရသလောက်ပဲ


တနေ့အလုပ်ကအပြန်မှာ ဖုန်းတစ်ခုဝင်လာခဲ့တယ်


သူ့အဖေ ဘုရားဖူးသွားရင်း ယာဉ်မတော်တဆမှုကြောင့် ဆုံးသွားပြီတဲ့


အလောင်းကို နီးစပ်ရာလေယာဉ်ကွင်းကာဂိုမှာ သွားထုတ်လိုက်ပါဆိုပြီး လှမ်းပြောခဲ့တယ် ...


-----------------------------------------------------------------------------


ရှောကတ်

=======

ပျော်ပျော်နေတတ်ပြီး ဘဝကို ပေါ့ပေါ့ပါးပါးဖြတ်သန်းနေသူ အဗီနက်(ရှ်)ရဲ့ သူငယ်ချင်း


သူ့အဖေသတင်းကို ရှောကတ်ကိုပြောပြပြီး ဗန်ကားလာဌားတဲ့ အဗီနက်(ရှ်)ကို မင်းအဖေက ငါ့အဖေပါပဲဆိုပြီး ကိုယ်တိုင် အလောင်းသယ်ဖို့ နှစ်ယောက်သား သွားခဲ့ကြတယ်


------------------------------------------------------------------------------


အဲဒီမှာပြဿနာတစ်ခုတက်တော့တာပဲ


အလောင်းသွားထုတ်တဲ့အချိန်မှာ အဗီနက်(ရှ်)အဖေရဲ့ အလောင်းမဟုတ်ဘဲ အမျိုးသမီးအလောင်းကြီး တစ်ခုဖြစ်နေတယ်


အဗီနက်(ရှ်)အဖေရဲ့အလောင်းကမှားပြီး ကိုချီကိုရောက်သွားပြီး ကိုချီကအဖွားကြီးတစ်ယောက် အလောင်းက သူ့ဆီရောက်လာတယ်


မှားသွားတဲ့အလောင်းအတွက် အလောင်းလဲလှယ်ရေးလုပ်ဖို့ အဗီနက်(ရှ်)နဲ့ ရှောကတ်တို့ ခရီးထွက်ခဲ့ကြတဲ့အခါမှာတော့


ဘယ်လို အခက်အခဲတွေ၊ အလွဲလွဲတွေနဲ့ ကြုံတွေ့ရဦးမလဲဆိုတာကိုတော့ ဆက်လက်ရှု့စားလိုက်ကြပါခင်ဗျ


တမူထူးခြားတဲ့ဇာတ်လမ်းလေးကို ဟာသ၊ ဒရာမာ အချိုးကျကျပေါင်းစပ်ထားတဲ့ ဘောလီဝုဒ်ကားကောင်း တစ်ကားဖြစ်ကြောင်း ပြောကြားရင်းနဲ့ပဲ ...

 

0 comments:

Post a Comment