Midnight (2021)


 

 

Rating : 6.7/10
Country : Korea
Genre : Thriller
Released Date : 2021
Duration : 1h 43min

အညွှန်း

သန်းခေါင်ယံ …..

သန်းခေါင်ယံမှာ ဘာတွေ ဖြစ်ကြမလဲ????

ညဆိုတာကတော့ မကောင်းမှုတွေ စိုးမိုးတတ်တဲ့အချိန်ပါ။
ဒီညကတော့ ထူးဆန်းပါတယ်။

ကွင်းဆက်လူသတ်သမားတစ်ယောက်က
အမျိုးသမီးငယ်တစ်ယောက်ကို လိုက်လံသတ်ဖြတ်တာပါပဲ။

ဘာလို့ သတ်ဖြတ်နေရလဲ ဆိုတာကတော့ …..
သူ လူသတ်မှုကျူးလွန်နေတာကို
အမျိုးသမီးငယ်တစ်ယောက် က မြင်တွေ့သွားလို့
နှုတ်ပိတ်ဖို့အတွက် လိုက်လံသတ်ဖြတ်ဖို့ ကြိုးစားတာပါ

အဲဒီအမျိူးသမီးငယ်ကတော့ ဆွံ့အနားမကြားဖြစ်နေတဲ့ ဂျောင်မီ ပါပဲ။

ဆွံ့အနားမကြား ဖြစ်နေတဲ့ ဂျောင်းမီက ဆွံ့အနားမကြားသူတွေအတွက်
ဝန်ဆောင်မှုပေးဖို့ Call Center မှာ အလုပ်လုပ်ရပါတယ်။

လူကောင်းသူကောင်းတွေကြားမှာ တစ်ယောက်ထဲ ကင်းကွာနေတတ်တဲ့ သူမ
တစ်ချိန်မှာတော့ ကွင်းဆက်လူသတ်သမားတစ်ယောက် လူသတ်မှု ကျူးလွန်တာကို မြင်ရပြီးတဲ့နောက်မှာတော့ ……

လူသတ်သမားရဲ့လက်ကနေ သူမ ထွက်ပြေးလွတ်မြောက်နိုင်မလား ဆိုတာကို
အသည်းတယားယား ရင်တဖိုဖိုနဲ့ ကြည့်ရမယ့်
Thriller ဇာတ်လမ်းအမျိုးအစားဖြစ်ပါတယ်။

Jin Ki Joo ,Wi Ha joon, Kim Hye Yoon နဲ့ Park Hoon တို့မှ အဓိက သရုပ်ဆောင်ထားပါတယ်…

Thriller ကားတွေကြည့်ရတာကြိုက်တတတ်တယ်ဆိုရင်တော့
ဒီကားမျိုးက လက်မလွှတ်တမ်း ကြည့်ရှုသင့်တဲ့ ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်

0 comments:

Post a Comment