Haseen Dillruba (2021)


 

 

Rating : 6.7/10
Country : India
Genre : Crime, Drama, Mystery
Released Date : 2021
Duration : 2h 15min

အညွှန်း

အိမ်ထောင်ရေးဆိုတာ သိပ်ကိုပါးလွှာတဲ့အပ်ချည်မျှင်လေးတစ်ချောင်းလိုပဲ
အပ်ပေါက်လေးထဲဝင်ဖို့ အရမ်းဂရုစိုက်ရတာ
မဟုတ်ရင် အပ်ချည်မျှင်လေးက ကွဲသွားရောတဲ့

ချစ်တဲ့မျက်စိနဲ့ကြည့်ရင် အရာရာလှတယ်လို့ပြောကြတယ်မဟုတ်လား
အချစ်ဆိုတာ အပြစ်အနာအဆာတွေအားလုံးကို
ပြည်ဖုံးကားချပေးနိုင်တဲ့ ခလုတ်တစ်ခုပါပဲ
အဲ့လိုအချစ်တွေနဲ့ အခြေခံထားတဲ့အိမ်ထောင်ရေးဆိုတာကလည်း
နွေးထွေးပြည့်စုံနေမယ်ဆိုတာ ပြောစရာတောင်မလိုပါဘူး

ဒါဆို အချစ်ကိုအခြေမခံထားတဲ့အိမ်ထောင်ရေးမျိုးဆိုရင်ရော????

အမျိုးသမီးတွေရဲ့စိတ်ခံစားချက်က ခန့်မှန်းရခက်တယ်ဗျ
ဒီဇာတ်ကားထဲက ရာနီကိုကြည့်ရင်
ခင်ဗျားတို့သဘောပေါက်မှာပါ
လွဲချော်မှုသေးသေးလေးကနေစခဲ့တဲ့ အရာတွေက
ပြဿနာကြီးတစ်ခုဖြစ်လာခဲ့မယ်လို့
ရာနီလည်းမထင်ခဲ့သလို ခင်ပွန်းဖြစ်သူရက်ရှူးလည်း တွေးမိခဲ့မှာမဟုတ်ဘူး
ဖြေရှင်းဖို့ကြိုးစားခဲ့တဲ့အချိန်မှာ အရာရာကနောက်ကျသွားခဲ့ပြီကိုး……..

ခံစားချက်တွေရှုပ်ထွေးနေတဲ့ အမျိုးသမီးတစ်ယောက်ဆီပေါ်လာတဲ့
ပြဿနာအလျှိုလျှိုက ဖြေရှင်းဖို့သိပ်ကိုခက်ခဲလွန်းတယ်
အစကတည်းကလွဲမှားနေခဲ့တဲ့ ဆက်ဆံရေးတစ်ခုက
ကောင်းသောအဆုံးသတ်နဲ့ ရှိနိုင်ပါ့မလား??

 

0 comments:

Post a Comment