Alvin and the Chipmunks (2007)


 

 

Rating : 5.2/10
Country : United State
Genre : Animation, Adventure, Comedy
Released Date : 2007
Duration : 1h 32min

အညွှန်း
ဒီကားလေးကတော့ ကလေးလူငယ်လူကြီးမရွေးနှစ်သက်ခဲ့ကြတဲ့ကားလေးတစ်ကားပါ… အယ်လ်ဗင် (Alvin) ၊ ဆိုင်မွန် (Simon) နဲ့ သီအိုဒေါ (Theodore) တဲ့… တစ်နေ့မှာ သူတို့တွေရဲ့ သစ်ပင်ကြီးကို ခုတ်ပြီးကားနဲ့သယ်ယူသွားခြင်းခံလိုက်ရပြီး… သူတို့တွေကတော့ သစ်ပင်ကြီးထဲမှာ အိပ်နေတဲ့အတွက်မသိလိုက်ပါဘူး…သစ်ပင်ကြီးဟာ ခရစ္စမတ်သစ်ပင်အဖြစ်နဲ့ လောစ့်အိန်ဂျလိစ်မြို့ကိုရောက်သွားပါတယ်… ရှည့်ညီနောင်တွေ နိုးလာတဲ့အချိန်မှာလူတစ်ယောက်ရဲ့ အိမ်ကိုရောက်သွားပါတယ်…အဲ့ဒီလူကတော့ ဒေဗ့်စဗီလီ (Dave Seville) လို့ခေါ်တဲ့သီချင်းရေးဆရာတစ်ယောက်ဖြစ်ပြီးတော့ Entertainment ကုမ္ပဏီတစ်ခုမှာ အလုပ်အတွက် ရုန်းကန်နေရသူတစ်ဦးလည်းဖြစ်ပါတယ် ဒီအချိန်မှာ ဗီလိန်ပေါ်လာပါပြီ… သူကတော့ ကုမ္ပဏီပိုင်ရှင် လန်ဟော့ (Lan Hawke) ပဲဖြစ်ပါတယ်…ရှဉ့်လေးတွေရဲ့ အစွမ်းအစကိုသိတဲ့အခါမှာတော့ စီးပွားရေးသမားပီပီကြံပါတော့တယ်… အဲ့ဒါနဲ့ပဲ ဒေဗ့်ဆီကနေ ရှဉ့်ညီနောင်တို့ကို ယူနိုင်ဖို့အတွက် ကြိုးစားလာတဲ့အခါမှာတော့…….ဒီအခါမှာ မိသားစုလိုသံယောဇဉ်တွယ်နေကြတဲ့ ဒေဗ့်နဲ့ရှဉ့်ညီနောင်တို့ ဘာတွေဆက်ဖြစ်ကြမလဲ ??? 

0 comments:

Post a Comment