Viva Erotica (1996)


 

Rating : 6.6/10
Country : China
Genre : Comedy, Drama, Adult
Cast : Leslie Cheung, Karen Mok, Qi Shu
Released Date : 1996
Duration : 1h 39min

အညွှန်း
Kwok-Wing ဆိုတာတက်သစ်စ ဒါရိုက်တာငယ်လေး၊ ပြီးခဲ့တဲ့ရုပ်ရှင်ကားနှစ်ကားလုံးလုံး အရှုံးပေါ်ထားလို့ စိတ်လေနေတဲ့သူ၊
သူ့ဇာတ်ညွှန်းအသစ်ကို ငွေရှင်က စိတ်ဝင်စားတယ်လို့ သွားပြတဲ့အချိန်မှာ ဟိုက Cat-III film (ဟောင်ကောင်သတ်မှတ်ချက် ၁၈နှစ်အောက်မကြည့်ရ)
ရိုက်ချင်နေတာဆိုတော့ စိတ်မပါပေမယ့်အခြေအနေအရလက်ခံလိုက်ရ။ အစပိုင်းမှာ သူ့ရည်းစားက အားပေးပေမယ့် နောက်ပိုင်းမှာ မင်းသမီးနဲ့သဝန်တွေတို
ဒီလိုကားရိုက်ဖို့ကလဲ သူ့အနုပညာမာနကိုမလျှော့ချင်တာကြောင့်အရှက်ရ၊ မာနနဲ့ ဘဏ္ဍာရေးအကျပ်အတည်းတွေအပြင်မှာမှ လူငယ်သဘာဝဖြစ်ပေါ်တတ်တဲ့
ရမ္မက်တွေကြား လွန်ဆွဲရုန်းကန်ရတော့တာပါပဲ။ Cat-III films (အလွယ်ပြောရရင် ဟောင်ကောင်ညစ်ညမ်းရုပ်ရှင်လောက) ကို ထင်ဟပ်ပြထားတဲ့ရုပ်ရှင်ဖြစ်ပါတယ်။
အဲ့ဒီလိုရုပ်ရှင်တွေရဲ့ ရွှေခေတ်မှာထွက်ပေါ်လာခဲ့ပြီး သူကိုယ်တိုင်ပါ Cat-III rating ကို ရရှိခဲ့ပါတယ်။ နုငယ်ဖူးသစ်နေတဲ့ ရှုကြည်လေးရဲ့ မိမွေးတိုင်းဖမွေးတိုင်းအလှတွေ
မကြာခဏဆိုသလိုပါဝင်ပါတယ်။ ညစ်ညမ်းကားလို့ နာမည်တပ်ခံရပေမယ့် တကယ်တမ်းထွက်ပေါ်လာချိန်မှာကော နောက်ပိုင်းမှာပါ ဟောင်ကောင်ရုပ်ရှင်လောကရဲ့ အကောင်းဆုံး
လက်ရာတွေထဲက တစ်ခုလို့သတ်မှတ်ခံခဲ့ရတဲ့ကားပါ။ အဲ့ဒီမတိုင်ခင်တုန်းက အပြာမင်းသမီးသာသာ VCD Album အဖော်အချွတ်တွေရိုက် မထင်မရှားဇာတ်ကွက်တွေမှာပဲ
ပါခဲ့ရတဲ့ Shu Qi ကို အလားအလာအရှိဆုံးမျက်နှာသစ်ဆုနဲ့ အကောင်းဆုံးဇာတ်ပို့မင်းသမီးဆု နှစ်ဆုတစ်ပြိုင်တည်းရရှိစေခဲ့ပြီး ထိပ်တန်းမင်းသမီးနေရာကိုပါ
ရောက်ရှိအောင်ပံ့ပိုးပေးနိုင်ခဲ့ပါတယ်။ရှုကြည်ဟာ မထင်မရှားဘဝတုန်းက အဖော်အချွတ်တွေရိုက်ခဲ့ရတာကြောင့် သူချွတ်ချခဲ့ရတဲ့ အဝတ်တွေကို တစ်ချိန်မှာ ပြန်ဝတ်ပြမယ် ကြွေးကြော်ခဲ့သူပါ။တကယ်လဲ သူ့ရဲ့ ကြိုးစားအားထုတ်မှု အနုပညာသက်ဝင်မှုတွေကြောင့် အောင်မြင်တဲ့ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်ခဲ့ပါတယ်။ဒီဇာတ်ကားမှာပါဝင်တဲ့ ရှုကြည်ရဲ့ မအောင်မြင်ခင်က အနုပညာအရည်အသွေးတွေကို အားပေးလိုက်ရအောင်ဗျာ။

0 comments:

Post a Comment