Anbirkiniyal (2021)


 

Rating : 7.5/10
Country : India
Genre : Drama, Thriller 
Cast : Keerthi Pandian, C. Arunpandian, Md Aalam 
Released Date : 2021
Duration : 2h 2min

အညွှန်း
Anbirkiniyalဇာတ်လမ်းမှာတော့ Anbirkiniyalဟာ သူနာပြုတစ်ယောက်ဖြစ်ပြီးတော့ သူ့အဖေကို အရမ်းချစ်တဲ့ကောင်မလေးပါ။
သူက ကနေဒါကိုသွားပြီး အလုပ်လုပ်ကာ သူ့အဖေအကြွေးတွေကို ဆပ်ပေးဖို့ဆန္ဒရှိပါတယ်။
ဒါကြောင့်မို့ ကနေဒါကိုသွားဖို့ အင်္ဂလိပ်စာသင်ပြီး ကြက်ကြော်ဆိုင်မှာအချိန်ပိုင်းအလုပ်လုပ်ကာ ပိုက်ဆံစုနေသူဖြစ်တယ်။
သူ့အဖေကတော့ Anbirkiniyalကို ကနေဒါကိုမသွားစေချင်ပေမဲ့ Anbirkiniyalကတော့ ကနေဒါမှာပိုက်ဆံရှာပြီး
အကြွေးတွေအကုန်ဆပ်ဖို့စိတ်ပိုင်းဖြတ်ထားခဲ့တယ်။Anbirkiniyalကောင်လေး Charlesကတော့ ပေါ့ပေါ့ပါးပါးနေတတ်သူဖြစ်တဲ့
အလုပ်လက်မဲ့တစ်ယောက်ဖြစ်တယ်။Anbirkiniyalက သူ့ကိုအလုပ်ရှာဖို့အမြဲတိုက်တွန်းနေရပြီးတော့
သူ့အဖေသူတို့နှစ်ယောက်အကြောင်းမသိသွားအောင်လဲဖုံးဖိနေရတယ်။တစ်နေ့မှာတော့ မတော်မဆဖြစ်ကာ Anbirkiniyalတစ်ယောက်
သူတို့ကြက်ကြော်ဆိုင်ကကုန်ပစ္စည်းထားတဲ့ အအေးခန်းမှာပိတ်မိသွားခဲ့တယ်။
လူတွေအားလုံးက Anbirkiniyalတစ်ယောက်ခိုးရာလိုက်ပြေးသွားတယ်ထင်နေကြတော့တယ်။
အအေးခန်းထဲမှာ ပိတ်မိနေတဲ့ Anbirkiniyalတစ်ယောက်တစ်ယောက်တည်းအသက်ရှင်အောင်ကြိုးစားရပါတော့တယ်။
Anbirkiniyalတစ်ယောက် အအေးခန်းထဲက အသက်ရှင်လွတ်မြောက်အောင်ဘယ်လိုကြိုးစားမလဲ။
Charlesနဲ့ Anbirkiniyalအဖေတို့ ယောက္ခမသားမက်ဆက်ဆံရေးကရော အဆင်ပြေပါ့မလားဆိုတာ ကြည့်ရှုကြပါအုံး။

0 comments:

Post a Comment