Willy's Wonderland (2021)


 

Rating : 5.7/10
Country : United State
Genre : Action, Comedy, Horror
Cast : Keanu Reeves, Vera Farmiga, James Caan
Released Date : 2021
Duration : 1h 48min

အညွှန်း
မင်းသားကြီး Nicolas Cageပါဝင်သရုပ်ဆောင်ထားတဲ့ Horror, Thriller အမျိုးအစား ရုပ်ရှင်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ နည်းနည်းထူးဆန်းတာက Nicolas Cageက တစ်ကားလုံးစကားမပြောသလို နာမည်တောင်မသိလိုက်ရပါဘူး။ နည်းနည်းလေး Psychoဆန်ဆန် ရိုက်ကူးထားတယ်လို့ ယူဆမိပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့ NCတစ်ယောက် ကားမောင်းလာရင်းနဲ့ ဝေးလံခေါင်သီက မြို့တစ်မြို့နားမှာ သံဆူးတားထားတာကို ဖြတ်မောင်းမိလို့ ကားဘီးပေါက်သွားပါတယ်။ အဲဒါနဲ့ဘဲ လမ်းကြုံတွေ့တဲ့ကားနဲ့ အနားမှာရှိတဲ့မြို့ဆီပါသွားပါတယ်။ အဲဒီကိုရောက်တဲ့အချိန်မှာ ကားဘီးလဲရမှာဖြစ်လို့ ကျသင့်ငွေဒေါ်လာတစ်ထောင်တောင်းပါတယ်။ ဒါပေမဲ့ မြို့မှာအင်တာနက်မရလို့ ငွေသားနဲ့ပေးချေရမယ်ပြောပါတယ်။ ငွေသားမပါခဲ့ရင်လည်း ဝယ်လ်လီရဲ့အံ့ဖွယ်ကမ္ဘာဆိုတဲ့ ကလေးတွေအတွက် ကစားကွင်းလိုနေရာအပျက်ကြီးကို တစ်ညလုံးသန့်ရှင်းရေးလုပ်ပေးရင် မနက်ကျပြင်ပြီးတဲ့ကားကိုယူသွားရုံပဲလို့ပြောပါတယ်။ ဒီလိုနဲ့သဘောတူညီမှုရသွားချိန်မှာတော့ အဲဒီနေရာထဲမှာဘာတွေရှိနေမလဲ။ ဘယ်လိုအန္တရာယ်တွေနဲ့ သူကြုံရမလဲဆိုတာကို ဆက်ရှုစားရမှာပါ။

0 comments:

Post a Comment