Gloria Mundi (2019)


 

Rating : 6.1/10
Country : United State
Genre : Drama
Cast : Ariane Ascaride, Jean-Pierre Darroussin, Gérard Meylan
Released Date : 2019
Duration : 1h 46min

အညွှန်း
ငွေဆိုတာ ဒုတိယဘုရားသခင်ပါလား လို့ ဒီကားကိုကြည့်ရင်းနဲ့ ရေရွတ်မိတဲ့အထိပါပဲ။ မိမိရဲ့ ကလေးလေးဆိုတာ အိမ်တစ်အိမ်မှာပိုက်ဆံရှိမှ ဆည်းလည်းသံလို့ သတ်မှတ်ကြပြီး ပိုက်ဆံမရှိတဲ့အခါ ဒီကလေးကို ဘယ်နားထားရမလဲမသိ မွေးမိတာတောင် မှားသလားလို့ထင်စေပါတယ်။ ဟုတ်ပါတယ် ဒီဇာတ်လမ်းလေးက ပိုက်ဆံကို မရမကရှာနေရတဲ့ ရှုထောင့်မတူတဲ့
မိသားစုတစ်စု အကြောင်းကို  ရိုက်ပြထားတဲ့ကားလေးပါ။
ကလေးနာမည်က ဂလိုရီယာ တဲ့ ။ ဒါပေမဲ့လည်း သူတို့မိသားစုက ကံမကောင်းခဲ့ပါဘူး ။ ရိုးရိုးသားသား ကြိုးစားနေရင်းနဲ့ ကံမလိုက်လာတဲ့အခါ ကံဆိုးမသွားရာ မိုးလိုက်လို့ရွာဆိုသလို ပြသာနာတွေက တစ်ခုပြီးတစ်ခုတက်ပါလေတော့တယ်။ ဒီကြားထဲ အမြတ်ထုတ်ချင်တဲ့ကာမအမှောင်သမားတွေကလည်း ရှိသေးတယ်။ ဘိုးဘိုး ဘွားဘွား ကလည်းမနေရဘူးပေါ့။ သားအချစ် မြေးအနှစ်မလား ။ နောက်ဆုံးတော့ သူတို့မျှော်မှန်းထားတဲ့ ဘဝလေးတစ်ခုကို ရောက်မလား ဒါမှမဟုတ် ကျွန်တော်တို့မထင်မှတ်ထားတဲ့ ဇာတ်သိမ်းမျိုးဖြစ်လေမလား….၁၈နှစ်အထက်လေးတွေ နည်းနည်းပါလို့သတိထားပေးနော်။ သိပ်တော့မရှည်ပါဘူး ရစ်ကြည့်လို့အဆင်ပြေပါတယ်။ ဒီကားကြည့်ပြီးတော့ကိုယ်တွေကတော့ ငွေအင်အားပြည့်စုံမှပဲ ဆည်းလည်းသံလေးကို အိမ်ထဲခေါ်တော့မယ်လို့ တွေးမိတဲ့အထိပါပဲနော်….

0 comments:

Post a Comment