Wet Season (2019)


 

Rating : 6.8/10
Country : China
Genre : Drama
Cast : Jia Ler Koh, Christopher Ming-Shun Lee, Shi Bin Yang 
Released Date : 2019
Duration : 1h 43min

အညွှန်း
သာယာမှု ၊ နွေးထွေးမှု ၊ နားလည်မှု ၊ စာနာမှု အဲ့ဒါတွေအကုန်ခံစားရစေမယ့် ကားကောင်းလေးတစ်ကားပါ ။ ၁၈ နှစ်ကျော်တာလည်း တစ်ခန်းလောက်ပဲပါပြီးစုံတွဲတွေအဓိကကြည့်သင့်တဲ့ကားလေးလို့ မြင်မိပါတယ်။ ဒါပေမဲ့လည်း ဖိုမသဘာ၀သာပါတဲ့ တခြားသောကားတွေထက် ပိုသာလွန်ပြီးနိုင်ငံရဲ့ စာပေယဉ်ကျေးမှုကိုပါ ခပ်ပါးပါးလေး ထည့်ရိုက်ပေးထားတာမို့လို့ ကြည့်လို့အဆင်ပြေမယ့်ကားကောင်းလေးတစ်ကားပါ ။
လင်း ဆိုတဲ့ ဆရာမတစ်ယောက်အကြောင်းကို ဇာတ်အိမ်ဖွဲ့ထားပါတယ် ။ တရုတ်စာကို သင်တဲ့ဆရာမပီပီ အင်္ဂလိပ်မှ အင်္ဂလိပ်ဖြစ်နေတဲ့ကျောင်းသားတွေ ကျောင်းသားမိဘတွေ တခြားဆရာတွေကို မိခင်ဘာသာတရုတ်စာကအရေးကြီးကြောင်း ရှင်းပြချင်နေတဲ့သူတစ်ယောက်ပါ ။တစ်ဖက်မှာလည်း သားသမီးမရနိုင်တဲ့ကံကြောင့် အိမ်ထောင်ရေးမှာ သွေးအေးတာကိုခံစားနေရတဲ့ အိမ်ထောင်ရှင်အမျိုးသမီးတစ်ယောက်ပေါ့ ။ဆရာမကြောင့် တရုတ်စာကို ပိုကြိုးစားလာချင်တဲ့ ကျောင်းသားလေး ကောင်းဝေလွင် ကတော့ အကောင်းဆုံးဇာတ်ကိုပံ့ပိုးသူပေါ့ ။ဆရာမရဲ့ ဂရုစိုက်မှု ၊ နွေးထွေးမှု ကြောင့် သူ့ရဲ့ချစ်တဲ့စိတ်တွေ နိုးထလာခဲ့ပြီး ဆရာမနဲ့ကျောင်းသားအကြား ဆက်ဆံရေးကိုရှုပ်ထွေးလာစေခဲ့ပါတယ်။ ဆရာမလင်း နေရာမှာနေကြည့်ရင်း သက်ပြင်းအကြိမ်ကြိမ်ချမိရင်း ဘာသာပြန်ဖို့တောင်မေ့ခဲ့ရတဲ့အထိဇာတ်ကိုဆွဲဆောင်နိုင်ခဲ့ပါတယ် ။သာယာမှု ၊ နွေးထွေးမှု ၊ နားလည်မှု ၊ စာနာမှု ဒါတွေအားလုံးကိုနယ်မကျွံအောင် စည်း လေးတစ်ခုနဲ့သာထိန်းသိမ်းထားမိခဲ့ရင် …. ထိန်းသိမ်းနိုင်ခဲ့မယ်ဆိုရင် …. စသဖြင့် အတွေးပေါင်းများစွာကိုပေးတဲ့ကားလေးမို့ ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်နော် ။ ။

0 comments:

Post a Comment