The Night (2020)


 

Rating : 5.7/10
Country : United State
Genre : Horror, Mystery, Thriller 
Cast : Shahab Hosseini, Niousha Noor, George Maguire
Released Date : 2020
Duration : 1h 45min

အညွှန်း
အိမ်​တစ်​အိမ်​ထဲမှာ မိသားစု၃စု မာဖီးယားဂိမ်းကစား​နေကြပါတယ်​။ကစားပွဲမှာရှုံးတဲ့အတွက်​ စည်းမျဉ်းအရအသတ်​ခံလိုက်​ရသူက​တော့ နမ်​ဒါပါ။
နမ်​ဒါက ခင်​ပွန်းသည်​ဖြစ်​တဲ့ ဘာဘတ်​ကို
​နောက်​ဆုံးစကားအ​နေနဲ့ သူ​သေရင်​ သမီးဖြစ်​သူကို​စောင့်​ရှောက်​ဖို့​ပြောခဲ့ပါတယ်​။ ကစားပွဲဖြစ်​တဲ့အတွက်​ အားလုံးက စစ​နောက်​​နောက်​ပါပဲ။ဘာအဓိပ္ပာယ်​မှန်းမသိဘဲ ဆင်​တူတက်​တူးထိုးထားမိတဲ့ ဘာဘတ်​နဲ့ နမ်​ဒါတို့လင်​မယားနှစ်​​ယောက်​
သူငယ်​ချင်း​တွေကို နှုတ်​ဆက်​ပြီး
လသားအရွယ်​ သမီး​လေးနဲ့ အိမ်​ကိုပြန်​လာတဲ့လမ်းမှာ
ထူးဆန်းတဲ့အဖြစ်​အပျက်​​တွေကြုံရပြီး​နောက်​
နီးစပ်​ရာ​ဟော်​တယ်​တစ်​ခုမှာ တစ်​ညတာတည်းခိုမိတဲ့အခါ……သူတို့ ၂​ယောက်​ရဲ့ တက်​တူး​တွေကပဲ ကျိန်​စာမိ​နေတာလား…?
၂​ယောက်​သား ကိုယ်​စီဖုံးကွယ်​ထားတဲ့ အတိတ်​​တွေကပဲ သူတို့ကို​ခြောက်လှန့်​နေ​စေတာလား…?
ဒါမှမဟုတ်​ တည်းခိုမိတဲ့​ဟော်​တယ်​ကပဲ သူတို့ကို​ခြောက်​ခြား​စေဖို့ ဖန်​တီးထားတာပဲလား…?

ဆိုတာကို ဒီကား​လေးထဲမှာ ရင်​တထိတ်​ထိတ်​နဲ့ ကြည့်ရှုခံစားရမှာပဲဖြစ်​ပါတယ်​။Molins Film Festival မှာ အကောင်းဆုံး ဒါရိုက်တာဆု၊ အကောင်ဆုံး အမျိုးသားဇာတ်ဆောင်ဆု၊ အကောင်းဆုံး ဇာတ်ညွှန်းဆု ၃ ဆု ရထားတဲ့ ဇာတ်ကားဖြစ်တာကြောင့် လက်မလွှတ်သင့်ပါကြောင်း။

0 comments:

Post a Comment