Freddy vs. Jason (2003)



Rating : 5.7/10
Country : United State
Genre : Action,Horror
Cast :   Robert Englund, Ken Kirzinger, Kelly Rowland
Released Date : 2003
Duration : 1h 37min 


အညွှန်း

အကယ်၍ မင်းဟာ Elm Street လမ်းမတွေထက်မှာ
one, two
Freddy’s Coming For you
three, Four
Better Lock the Door ……
ဆိုတဲ့ ကဗျာလေးတစ်ပုဒ်ကိုကြားလိုက်ပြီ ဆိုရင်
သေချာတယ် မင်းရဲ့ အဲ့ဒီအိမ်မက်ဆိုးကနေ
မြန်မြန် နိုးထဖို့ လိုနေပါပြီ ဘာ့လို့လဲ ဆိုတော့
မင်း ဆက်ပြီး အိပ်စက်နေဦးမယ်ဆိုရင်
Freddy Krueger ဆိုတဲ့ မကောင်းဆိုးဝါးကြီးက
မင်းကို ထာဝရ မနိုးသောအိပ်စက်ခြင်းတွေဆီကို ရက်ရက်စက်စက် ပို့ဆောင်ပေးတော့မှာမလို့ပါပဲအလားတူပဲ Crystal Lake မြို့လေးရဲ့
စခန်းချအနားယူအပန်းဖြေရာ Camp Crystal Lake
မှာ …………
Chi Chi Chi Hah Hah Hah
Chi Chi Chi Hah Hah Hah
ဆိုတဲ့ အသံကြားလိုက်မယ် ဆိုရင်ရော………??
လှည့်ကြည့်မနေပါနဲ့ ပြေးသာ ပြေးပါတော့
Jason ဆိုတဲ့ အမေကိုချစ်တဲ့ သားကြီး မင်းနောက်ကိုဒီလို ရက်စက်မှုအပေါင်းသရဖူဆောင်း နေတဲ့
လူသတ် သရဲ မိစ္ဆာကြီး နှစ်ကောင်ကို
Crossover လုပ်ထားတဲ့ ဒီဇာတ်ကားဟာ
အသည်းငယ်တတ်သူတွေအဖို့ လုံးဝမကြည့်သင့်တဲ့ဇာတ်ကား
ဖြစ်ပြီး Horror ဇာတ်ကားများကိုကြိုက်နှစ်သက် သူများအတွက်တော့ လုံးဝအကြိုက်တွေ့စေမယ့် ကားတစ်ကားအဖြစ်ညွှန်းပေးပါရစေ ………

ဇာတ်လမ်းအကျဉ်းအနေနဲ့ပြောရရင်တော့
Freddy ဆိုတဲ့ နာမည်ကို Elm street မှာမေ့မေ့ပျောက်ပျောက်ဖြစ်လာတဲ့ကာလ တစ်ခုမှာ
လူသတ်သရဲကြီး Freddyဟာ တန်ခိုးစွမ်းအားတွေလျော့နည်းလာပါတယ်
သိခဲ့တဲ့ လူကြီးသူမတွေဟာလဲ လူငယ်တွေ
ဘေးအန္တရာယ် ကင်းရေးအတွက် Freddy ရဲ့နာမည်ကို
လုံးဝ အစဖျောက်ထားပါတယ်
အဲ့ဒီမှာ Freddy ဟာ သူ့ရဲ့စွမ်းအားတွေပြန်ရရှိပြီး
အဆုံးမဲ့အိမ်မက်ဆိုးတွေနဲ့ ပြန်လည်ခြောက်လှန့်ရက်စက်
ဖို့လိုတဲ့အတွက် နည်းလမ်း တစ်ခု နဲ့ သူ့ရဲ့နာမည်ကိုပြန်
အမှတ်ရလာအောင် ကြံစည်ပါတော့တယ်
တစ်ခြားတော့မဟုတ်ပါဘူး Friday the 13th ဇာတ်ကားများရဲ့ လူသတ်သမားကြီး Jasonကို
ပြန်အသက်သွင်းကာ Elm Street ကို ခေါ်ဆောင်လာပြီး
Jasonကျူးလွန်တဲ့ လူသတ်မှုများအတွက်
Freddy အမည်ခံကာ သူ့ရဲ့နာမည်ကို
ပြန်လည်အမှတ်ရလာစေဖို့ စီစဉ်ပါတော့တယ်
ဒါပေမယ့် Freddyအတွက် ကိုယ်မွေးတဲ့မျောက်
ကိုယ့်ပြန်ခြောက်လာခဲ့တဲ့ အခါမှာတော့……………
ဆက်ပြောရင် Spoil ကုန်မှာစိုးတဲ့အတွက်
ဇာတ်ကားအစအဆုံး ရင်တထိတ်ထိတ် အသဲတစ်ယားယား
ခံစားမှုရသများကိုပေးစွမ်းနိုင်မယ့် ဒီကားလေးကို
ငွေရောင်ပိတ်ကားကြီး ထက်မှာ အဲလေ
မှန်သားပြင်ထက်မှာသာ
ဆက်လက်ရှုစားဖို့ပဲတိုက်တွန်းလိုက်ပါရစေ ခင်ဗျာ 


 

0 comments:

Post a Comment