Rating : 7.9/10
Country : United State
Genre : Drama
Cast : Ellar Coltrane, Patricia Arquette, Ethan Hawke
Released Date : 2014
Duration : 2h 45min
Country : United State
Genre : Drama
Cast : Ellar Coltrane, Patricia Arquette, Ethan Hawke
Released Date : 2014
Duration : 2h 45min
အညွှန်း
အကောင်းဆုံး ဇာတ်ကားဆု မင်းသမီးဆု ဒါရိုက်တာဆု စတဲ့ ဆုပေါင်း ၁၀ခုတိတိရရှိထားပြီး IMDB Rating 8.7 အဆင့်ရှိတဲ့ ဘဝသရုပ်ဖော် ဒရမ်မာဇာတ်ကား တစ်ခုအကြောင်း မိတ်ဆက်ပေးမလို့ပါ။
သရုပ်ဆောင် ၇၅ ယောက်တိတိပါတဲ့ ဒီဇာတ်ကားမှာ အဓိကဇာတ်ကောင်ကတော့ မေဆန် (Mason) လို့ခေါ်တဲ့ ကောင်လေးတစ်ယောက်ဖြစ်ပါတယ်။ ပုံမှန် ဇာတ်လမ်း ကျောရိုးတွေနဲ့ မတူတဲ့ ဒီဇာတ်လမ်းရဲ့ ထူးခြားချက်ကတော့ အသက် ၆ နှစ်အရွယ် ကောင်လေးတစ်ယောက်ကနေ အသက် ၁၈နှစ်အရွယ် လူပျိုအဖြစ်ကြီးပြင်းလာသည်အထိ အချိန် ၁၁နှစ်ကြာအောင် ဖြတ်သန်းကြံုတွေ့ခံစား ရတဲ့ ဘဝအတွေ့အကြံုများကို ပုံပြင်သဖွယ် ဇာတ်အိမ်တည် ရိုက်ကူးထားတဲ့ flim story ဇာတ်လမ်းအမျိုးအစား ဖြစ်လို့ပါပဲ။အချိန်အားဖြင့် ၂၀၀၂ခုနှစ်။ မေဆန် နဲ့သူ့အစ်မ စမန်သာ (Samantha) တို့ဟာ အိမ်ထောင်ကွဲနေတဲ့ မိခင်ဖြစ်သူ အိုလီဗီယာ ( Olivia ) နဲ့အတူ တက္ကဆက်မြို့လေးမှာ အတူနေထိုင်ရာက ဇာတ်လမ်းကို အစပြုထားပါတယ်။အိုလီဗီယာက သား၊ သမီး နှစ်ယောက်ကို ခက်ခဲပင်ပန်းစွာစောင့်ရှောက်ရပြီး လက်ရှိ သူမရဲ့ ရည်းစားကလည်း သူမကို နားလည်မပေးပါဖူး။ သူတို့အဖေအရင်းကတော့ ကလေးနှစ်ယောက်ကို တစ်ပတ်တစ်ခါ လာတွေ့ပါတယ်။သူမရဲ့အနာဂတ်နဲ့ ကလေးတွေရဲ့ ရှေ့ရေးအတွက် အိုလီဗီယာက အိမ်ကို သူမတက္ကသိုလ်ရှိရာ ဟူစတန်မြို့ကို ပြောင်းခဲ့ပါတယ်။ အိမ်ပြောင်းတာကို ကလေးတွေက လွယ်လွယ်နဲ့လက်မခံခဲ့ပါဖူး။ အထူးသဖြင့် သိတတ်တဲ့အရွယ်ရောက်နေပြီဖြစ်တဲ့ စမန်သာက သူမသူငယ်ချင်းတွေကို မခွဲနိုင်တဲ့အတွက် မျက်ရည်လည်ရွှဲဖြစ်ခဲ့ပါသေးတယ်။
ကျောင်းတက်ရင်းနဲ့ အိုလီဗီယာက ကျောင်းက ပရော်ဖက်ဆာတစ်ယောက်ဖြစ်တဲ့ ဘေလ် (Bill) နဲ့ ၂၀၀၄ခုနှစ်မှာ နောက်အိမ်ထောင်ပြုလိုက်ပါတယ်။ ဘေလ်မှာလည်း သားနဲ့သမီး နှစ်ယောက်ပါလာတဲ့အတွက် သူတို့ နှစ်အိမ်ထောင်ပေါင်းလိုက်တဲ့အခါ ကလေးတွေက ကစားဖော်ရလာလို့ ပျော်နေကြပါတယ်။
ဒါပေမယ့် အဲ့ဒီအပျော်က ကြာကြာမခံပါဖူး။ ဘေလ်က ကြာလေအရက်သမားလုံးလုံးဖြစ်ကာ အိုလီဗီယာကို ကိုယ်ထိလက်ရောက် နှိပ်စက်ပါတယ်။ ကလေးတွေကိုလည်း ရိုက်နှက်ပါတယ်။ နောက်ဆုံးမှာတော့ သားသမီးတွေကိုပါ အန္တရယ်ပြုလာတဲ့အတွက် အိုလီဗီယာက ကလေးနှစ်ယောက်ကိုခေါ်ပြီး ဘေလ်ဆီကနေ ထွက်ပြေးခဲ့ပါတော့တယ်။
နေရာအသစ်ကိုထပ်ပြောင်းရတဲ့ အတွက် မေဆန်ရော၊ စမန်သာရော အခက်အခဲတွေကြုံရပါတယ်။ မေဆန်က ရုပ်ဖြောင့်တဲ့အတွက် သက်ကြီးကျောင်းသားတွေက သူ့ကိုရန်လိုကြပါတယ်။ သူတို့မိခင် အိုလီဗီယာကတော့ တက္ကသိုလ်မှာ စိတ်ပညာဗေဒသင်ကြားသူ ဆရာမအဖြစ် အလုပ်မှာတဖြည်းဖြည်းအောင်မြင်လာတဲ့အတွက် သူတို့ မိသားစု ချမ်းသာလာပါတယ်။
မေဆန်က တဖြည်းဖြည်းနဲ့ ကြီးကောင်ပေါက်ဝင်လာတဲ့အခါ ကျောင်းတက်ရတာလည်း စိတ်မပါတော့ပါဖူး။ အိမ်မှာလည်း ပထွေးဖြစ်တဲ့ ဂျင် (မ်) က ရန်လိုတဲ့အတွက် အိမ်မကပ်ဖူးဖြစ်နေပါတယ်။ သူ့ရဲ့ စိတ်ထွက်ပေါက်ကတော့ သူဝါသနာပါတဲ့ ဓါတ်ပုံရိုက်ခြင်းနဲ့ သူရဲ့ ရည်းစား ရှီနာ (Sheena) ပဲဖြစ်ပါတယ်။
မေဆန်အထက်တန်းကျောင်းအောင်တဲ့နှစ်မှာတော့ ပြည်နယ်လုံးဆိုင်ရာ ဓါတ်ပုံပြိုင်ပွဲမှာ ဆုရတဲ့အတွက် တက္ကသိုလ်ဆက်တက်ဖို့ ထောက်ပံ့ကြေးရရှိသွားပါတယ်။ တက္ကသိုလ်တက်နေပြီး ချစ်သူလည်းရထားပြီဖြစ်တဲ့စမန်သာကလည်းအမေနဲ့အတူမနေတော့ပဲတစ်ယောက်ထဲခွဲနေပါတယ်။ မကြာမီ မေဆန်ကလည်း တက္ကသိုလ်တက်ဖို့ အိမ်ကထွက်သွားတော့မှာဖြစ်ပါတယ်။
အဲ့ဒီအချိန်မှာတော့ အိုလီဗီယာကလည်း ဂျင်(မ်)နဲ့ကွာရှင်းလိုက်ပြီး သူတို့နေတဲ့ အိမ်အကြီးကြီးကိုရောင်းကာ တိုက်ခန်းသေးသေးလေးတစ်ခုကို ပြောင်းလိုက်ပါတော့တယ်။
နွေးထွေးတဲ့မိသားစုဘဝကို အပြည့်အဝ မခံစားရတဲ့ ပထွေးတွေရဲ့ နှိပ်စက်မှုကိုခံရတဲ့ ကောင်လေးတစ်ယောက်ရဲ့ စိတ်၊ ကျောင်းနေတဲ့အရွယ်ရောက်တော့လည်း ပတ်ဝန်းကျင် အပေါင်းအသင်းရဲ့ လှုံ့ဆော်မှုနဲ့ ကြီးကောင်ဝင်လာတဲ့ ကောင်လေးတစ်ယောက်ရဲ့ စူးစမ်းလေ့လာလိုမှု၊ ကျောင်းပြီးလို့ တက္ကသိုလ်ဆက်တက်ရမယ်ကြံတော့ ဝါသနာပါတဲ့အလုပ်နဲ့ တခြားအသက်မွေးဝမ်းကျောင်းပညာရပ်တွေအကြား ရွေးချယ်ရခက်နေတဲ့ ၁၈နှစ်အရွယ် ကောင်လေးတစ်ယောက်ရဲ့ ဆုံးဖြတ်ချက် စတဲ့ ကလေးတစ်ယောက် ရင်ဆိုင်ကြံုတွေ့ရတဲ့ ဘဝရဲ့ အချိုးအကွေ့များကို စိတ်ဝင်စားဖွယ် ရှုထောင့်က တင်ပြထားတဲ့ ဒီဇာတ်ကားရဲ့ အဆုံးသတ်က ဘယ်လိုလဲဆိုတာတော့ ကိုယ်တိုင်ပဲဆက်ကြည့်လိုက်ပါနော်။အက်ရှင်ဇာတ်ကြမ်းကား၊ လျှို့ဝှက်ဆန်းကြယ် သဘာဝလွန်ကား တွေထက်စာရင် ဒီလို လူမှုဘဝကို ပုံဖော်ထားတဲ့ ဒရမ်မာအသားပေး ဘဝသရုပ်ဖော် ဇာတ်ကားတွေကတဆင့် ကြည့်ရှုသူတွေအတွက် နမူနာယူစရာ၊ ကိုယ်ချင်းစာဖွယ်ရာ အတွေးအမြင်ကို ပိုပြီးပေးစွမ်းနိုင်ပါတယ်။
ဒီဇာတ်ကားကို ဝေဖန်ရရင်တော့ ဇာတ်ဆောင်တွေများစွာ ပါဝင်ပေမယ့် အပိုအလိုမရှိ ဇာတ်အိမ်နဲ့ ကွက်တိ သရုပ်ဆောင်နိုင်တဲ့ အတွက် ကြည့်ရှုသူကို စွဲဆောင်နိုင်တဲ့ ဒရမ်မာ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါကြောင်း။
0 comments:
Post a Comment