Block Z (2020)


 

Rating : 5.9/10
Country : Philippines
Genre : Action, Horror, Thriller
Cast : Julia Barretto, Joshua Garcia, Ian Veneracion
Released Date : 2020
Duration : 1h 41min

အညွှန်း
Zoombie လိုမျိုး ကားတွေကို ကြိုက်နှစ်သက်တဲ့သူတွေအတွက် Block Z လို့ခေါ်တဲ့ ဖိလစ်ပိုင် ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဖိလစ်ပိုင်နိုင်ငံဟာ ရောဂါတွေ ဖြစ်ပွါးပြီး အစိုးရကို လူထုက တော်လှန်နေတဲ့အချိန် တိုင်းပြည်မငြိမ်မသက် ဖြစ်နေတဲ့ အချိန်ဖြစ်ပါတယ်။ ပီဂျေလို့ ခေါ်တဲ့ ကောင်မလေးကတော့ ဆေးကျောင်းကို စတုတ္တနှစ်တက်ရောက်နေသူပါ။ သူ့အဖေက သူ ငယ်ငယ်လေးတည်းက အလုပ်ထွက်လုပ်နေသူဖြစ်ပြီး သူ့အမေဆုံးတာတောင် သူ့နားရှိမနေပေးနိုင်ပါဘူး။ အခုချိန်မှ သူ့အဖေက ပြန်ရောက်လာပြီး သူ့ကို အရင်က မပေးခဲ့ရတဲ့ မေတ္တာတွေ ပေးဖို့ ကြိုးစားနေတာပါ။

တစ်နေ့ ပီဂျေတို့ တာ၀န်ကျတဲ့ ဆေးရုံကို လူကိုက်ခံရတဲ့ လူနာ ရောက်လာပါတယ်။ သူဟာ သွေးစစ်တုန်းက ခွေးရူးပြန်လက္ခဏာ မပြပေမယ့် ပီဂျေတို့ စစ်နေတုန်းမှာပဲ သူဟာ ရောဂါအခြေအနေဆိုးလာပြီး သေသွားခဲ့ပါတယ်။ အဲ့နောက် သူ့အလောင်းကို ပီဂျေ့သူငယ်ချင်း မိုင်လ်တို့က ရေခဲတိုက်ကို ယူသွားဖို့ သွားတဲ့ အခါမှာ ‌အလောင်းက နှလုံးပြန်ခုန်လာပြီး မိုင်လ်ရဲ့ သူငယ်ချင်း ဆရာ၀န်ကို ကိုက်လိုက်ပါတယ်။ ဖြစ်ချင်တော့ အဲ့နေ့မှာပဲ ပီဂျေ အဖေကလဲ ကလေးတစ်ယောက်ကို ကားနဲ့ တိုက်မိလို့ သူတို့ဆေးရုံမှာ လာပြပေးနေတာပါ။

အဲ့လိုနဲ့ တစ်ယောက်ပြီး တစ်ယောက် ကိုက်ခံရပြီးတော့ ပျံ့နှံ့သွားတဲ့နောက် ပါမောက္ခဟာ စစ်တပ်ကို အကြောင်းကြားပြီး ကျောင်းထဲက လူတွေအပြင်ထွက်မရအောင် ကျောင်းကို ပိတ်လိုက်ပါတယ်။ အဲ့နောက် ပီဂျေတို့ တစ်စု ကျောင်းထဲက ဘယ်လို ထွက်ကြမလဲ သူတို့ အားလုံး အသက်ရှင်ကြမလား ဆိုတာကို စိတ်၀င်စားဖွယ် ကြည့်ရမယ့် ကားကောင်းလေးပါ

0 comments:

Post a Comment