The Operative (2019)


Rating : 4.5/10
Country : United State
Genre :  Action, Crime, Thriller 
Cast :  Sean Patrick Flanery, Dolph Lundgren, Chuck Liddell 
Released Date : 2019
Duration : 1h 25min 


အညွှန်း

ဒီကားလေးကတော့ ထောက်လှမ်းရေးဇာတ်လမ်းနဲ့ Mystery/Thriller ဇာတ်ကားသစ်လေးဖြစ်ပါတယ်။ အေးအေး ငြိမ်ငြိမ်လေးနဲ့ကြည့်မယ့်ဇာတ်ကားပါ။ ဇာတ်လမ်းအကျဉ်းကတော့ ရေချယ်ဆိုတဲ့အမျိုးသမီးဟာသူ့ရဲ့ထူးခြားတဲ့ ကိုယ်ရေးရာဇာဝင်ကြောင့် Mossad လို့ခေါ်တဲအစ္စရေးထောက်လှမ်းရေးအဖွဲ့ရဲ့မျက်စိကျခြင်းကိုခံခဲ့ရပါတယ်။ ဂျုးလူမျိုးလည်းမဟုတ်၊ အစ္စရေးနိုင်ငံသားလည်းမဟုတ်

ဂျာမနီမှာနေပြီးဒီလိုအဖွဲ့အတွက်အလုပ်လုပ်ပေးတယ်ဆိုတာ ထူးဆန်းပါတယ်။ ဒီလိုနဲ့သူ့ကိုအီရန်ကိုလွှတ်ပြီးသူလျှိုလုပ်ခိုင်းဖို့ အသေးစား စစ်ဆင်ရေးတွေနဲ့စခိုင်းရာကနေ တဖြေးဖြေးသူ့ထမ်းဆောင်ရတဲ့စစ်ဆင်ရေးဟာ အရေးကြီးလာပြီးအထိအခိုက်မခံတဲ့စစ်ဆင်ရေးဖြစ်သွားပြီးနောက်…ဌာနချုပ်နဲ့ ရေချယ်နဲ့ သူ့ရဲ့အထက်အရာရှိဖြစ်သူသောမတ်စ်တို့ကြားမီးပွားတစ်ခုဖြစ်ပွားခဲ့ပြီး အဲဒီမီးပွားဟာအစ္စရေးနိုင်ငံကိုခြိမ်းခြောက်မှုဖြစ်စေတဲ့အထိ ဖြစ်လာတဲ့နောက်မှာတော့ ရေချယ်ဆိုတာဘယ်လိုအမျိုးသမီးလဲ….သူနဲ့ Mossad တို့ရဲ့ဆက်ဆံရေးကဘယ်လိုလဲ…အီရန်နဲ့အစ္စရေးတို့ရဲ့ နိုင်ငံရေးတစ်စေ့တစ်စောင်းတွေနဲ့အတူတွေ့မြင်ရမှာပါ။ ဇာတ်ရှိန်အေးအေးနဲ့ပဲကြည့်ရမယ့်ဇာတ်ကားလေးပဲဖြစ်ပါတယ်။ 

 

0 comments:

Post a Comment