The Lapse (2020)


 

Rating : 6.0/10
Country : Korea
Genre : Fantasy, Sci-Fi, Thriller 
Cast : Yihan Chen, Chengming Dong, Aohui Qu
Released Date : 2020
Duration : 1h 22min

အညွှန်း
တကယ်မိုက်တဲ့ကားလေး ကြည့်ကြမလား? ပျင်းလည်းမပျင်းရဘူး ဆန်းလည်းဆန်းမယ်၊မိသားစုနဲ့လည်း ကြည့်လိုအဆင်ပြေမယ့်ကားမျိုး ရှာနေရင်တော့ ဒီကားကသင့်အတွက်ပါပဲ . . .ဇာတ်လမ်းကတော့ သဘာဝလွန်စွမ်းအားကားလေးပါ ။ ဒါပေမဲ့လည်းတခြားကားနဲ့မတူတာက အစွမ်းကို ဉီးစားပေးမပြဘဲ ချစ်ခြင်းမေတ္တာ ညီအကိုသံယောဇဉ်စသည့်ခံစားချက်တွေအစုံကို ရိုက်ပြထားတာမို့ အရမ်းမိုက်ပါတယ်။
ကျုံးချန်းမင် ဆိုတာက ဖုန်းနဲ့ ဗွီဒီယို ရိုက်တတ်တဲ့ကျောင်းသားလေးတစ်ယောက်ပေါ့ ။
သူအမြဲတမ်းခိုးခိုးပြီး ဗွီဒီယို ရိုက်တတ်တဲ့ ကျီလင် ဆိုတဲ့ ကောင်မလေးရှိတယ်…ပြီးတော့ သူအရမ်းအားကိုးရတဲ့ အကိုဟွေး ဆိုတဲ့ သူငယ်ချင်းအကိုတစ်ယောက်ရှိတယ်။သူတို့ သုံးယောက်ရင်းနှီးသွားပြီးနောက် ကြယ်ကြွေတာကို လိုက်ကြည့်ကြရင်းမတော်တဆမှုဖြစ်ပါတယ် ။ အဲ့အဖြစ်အပျက်ပြီးနောက် ချန်းမင် မှာ အရာဝတ္ထုတွေကို ရွေ့နိုင်တဲ့စွမ်းအားရှိလာပါတော့တယ်. . .တစ်ခုပဲ သူက စွမ်းအားကိုအရမ်းသုံးရင်မှတ်ဉာဏ်တွေက တဖြေးဖြေးတွေ ပျောက်လာတတ်ပါတယ်ချန်းမင်က အရမ်းစိတ်ထားကောင်းတဲ့ ကျောင်းသားလေးတစ်ယောက်ပါ၊ ဒါပေမဲ့လည်းဒုတိယဘုရားသခင်ဖြစ်တဲ့ ပိုက်ဆံ က သူ့ကိုဘယ်လိုတောင် အမှောင်ဖုံးသွားလဲပြီးတော့ ဇာတ်ကားရဲ့နောက်ဆုံးမှာ ဘယ်လိုဇာတ်အပြောင်းအလဲဖြစ်သွားလဲဆိုတာမပြောတော့ပါဘူး…. ကြည့်လိုက်တော့နော် … တကယ်ကောင်းတာပါ….။ ။

0 comments:

Post a Comment