TMNT (2007)


 

Rating : 6.2/10
Country : United State
Genre : Animation, Action, Adventure
Cast : Patrick Stewart, Mako, Chris Evans
Released Date : 2007
Duration : 1h 43min

အညွှန်း
ဒီကားလေးကတော့ လူငယ်ကြည့်ကြည့် လူကြီးကြည့်ကြည့်အဆင်ပြေတဲ့ လိပ်နင်ဂျင်ကားလေးပဲဖြစ်ပါတယ်
ဇာတ်လမ်းကတော့ ထုံးစံအတိုင်းလိပ်နင်ဂျာတို့ရဲ့ ရန်သူတော်ကြီးရှရက်ဒါကိုအနိုင်ယူပြီးအချိန်ကို ရိုက်ကူးထားတာပါ
ရှရက်ဒါကိုအနိုင်ယူပြီး လီယိုနာဒိုကလေ့ကျင့်ရေးလုပ်ဖို့တောထဲထွက်သွားခဲ့ပါတယ်
တစ်ဖက်မှာကျန်ခဲ့တဲ့ညီအစ်ကိုသုံးကောင်ကလည်းသူ့နည်းသူ့ဟန်နဲ့ရှင်သန်ရုန်းကန်နေကြတာပေါ့
ဒီတစ်ခါသူတို့ရင်ဆိုင်ရမဲ့ ရန်သူတော်ကြီးက
လွန်ခဲ့တဲ့နှစ်သောင်ထောင်ကတည်းကအသက်ရှင်နေတဲ့ သူရဲကောင်းဘုရင်ကြီးရုတ်ပဲဖြစ်ပါတယ်
သူဟာ ကီကန်ကြယ်ရဲ့အလန်းတန်းကိုအသုံးပြုပြီးဝင်ပေါက်တစ်ခုဖန်တီးရာကနေ မသေမျိုးဖြစ်လာခဲ့တာပါ
တန်ကြေးအနေနဲ့ သူ့ညီအစ်ကိုဗိုလ်ချုပ်လေးယောက်ဟာကျောက်ရုပ်တွေဖြစ်သွားခဲ့ပါတယ်
သူဟာနှစ်သုံးထောင်ကြာအောင်တစ်ယောက်ထဲနောင်တတွေနဲ့ရှင်သန်ပြီး သူ့ညီအစ်ကိုတွေကိုအသက်ပြန်သွင်းဖို့စောင့်နေပါတယ်
ဝင်ပေါက်ကနေလွတ်နောက်ထပ်ဘေးထွက်ဆိုးကျိုးအနေနဲ့သတ္တဝါကြီး၁၃ကောင်ဟာလည်း ကမ္ဘာမြေပေါ်ကိုလွတ်ထွက်လာခဲ့ပါတယ်
သတ္တဝါကြီး၁၃ကောင်ကို ပြန်ဖမ်းရင်း သူ့ညီအစ်ကိုစစ်ဗိုလ်တွေကိုအသက်ပြန်သွင်းမဲ့
ရုတ်ရဲ့အကြံအစည်ကို လိပ်နင်ဂျာတွေက တားဆီးမှာကို ကြည့်ရှူရမှာပဲဖြစ်ပါတယ် ။
ပေါ့ပေါ့ပါးပါးနဲ့ fight scene ကောင်းကောင်းလေးတွေပါတာမို့လို့ လက်လွှတ်မခံသင့်တဲ့ကားကောင်းလေးပဲဖြစ်ပါတယ် ။

0 comments:

Post a Comment