Rating : 4.8/10
Country : Korea
Genre : Drama, Mystery, Thriller
Cast : Sung-Ki Ahn, Il-seob Baek, In-Pyo Cha
Released Date : 2006
Duration : 2h 27min
Country : Korea
Genre : Drama, Mystery, Thriller
Cast : Sung-Ki Ahn, Il-seob Baek, In-Pyo Cha
Released Date : 2006
Duration : 2h 27min
အညွှန်း
ဒီကားလေးကတော့ 2006 က ထွက်ရှိခဲ့ပြီး
ကိုရီးယား-ဂျပန် နှစ်နိုင်ငံကြား ပဋိပက္ခကို ပုံဖော်ရိုက်ကူးထားတာပါ။တောင်နှင့်မြောက် ကိုရီးယားအစိုးရအနေနဲ့
နှစ်နိုင်ငံ ချစ်ကြည်ရေးပြန်လည် ရယူရန်အတွက်
ဂယောင်းဝီမီးရထားလမ်းကို ပြန်လည်ဖွင့်လှစ်ရန် စီစဉ်ခဲ့ကြပါတယ်။သို့ပေမယ့် ဂျပန်နိုင်ငံမှ လွန်ခဲ့တဲ့ရာစုနှစ်က
ဂျိုဆွန်းဘုရင်နဲ့ ထားရှိခဲ့ကြတဲ့ သဘောတူညီချက်စာချုပ်ပါအကြောင်းအရာအရ
ဂယောင်းဝီမီးရထားလမ်း မူပိုင်ခွင့်ကို ဂျပန်တို့ဘက်မှပိုင်ဆိုင်ပြီး
ပြန်လည်ဖွင့်လှစ်ခွင့်မပြုကြောင်း ဖွင့်လှစ်ခဲ့ပါက
ကိုရီးယားစီးပွားရေးဈေးကွက်ကို ပိတ်ဆို့မည်ဖြစ်ကြောင်း ခြိမ်းခြောက်ခဲ့ပါတယ်။သဘောတူညီချက်စာချုပ်မှာပါတဲ့ နိုင်ငံတော်တံဆိပ်ဟာ
အတုဖြစ်နေခဲ့ကြောင်း သိရှိသွားတဲ့အချိန်
တောင်ကိုရီးယားသမ္မတမှ သမိုင်းကြောင်း ပညာရှင် ချွဲမင်ဂျယ်နဲ့
ဂျိုဆွန်းဘုရင်မျိုးဆက် ကင်မ်ယူရှစ်တို့ကို
တံဆိပ်တုံးအစစ်ကို ရှာဖွေစေပြီး
သမိုင်းကို ပြင်ဆင်ရန် ခိုင်းစေခဲ့ပါတော့တယ်။
နိုင်ငံပိုင်တံဆိပ်တုံးအစစ်ကို ရှာတွေ့ပြီး
ဂျပန်တို့လက်ထဲမှ ဂယောင်းဝီမီရထားလမ်းမူပိုင်ခွင့်ကို
ပြန်လည်ရယူနိုင်မလား
ကိုရီးယားစီးပွားရေးဈေးကွက်ကရော
အခြေအနေပြန်လည်တည်ငြိမ်သွားမလားဆိုတာကတော့
ဒီကားလေးမှာ စောင့်ကြည့်ရမှာပါ။
သမိုင်းကြောင်းကိုပုံဖော်ရိုက်ကူးထားတဲ့ ကားလေးဖြစ်တဲ့အပြင်
နာမည်ကြီးခဲ့တဲ့ ဇာတ်လမ်းဖြစ်တာကြောင့် တင်ဆက်ပေးလိုက်ပါတယ်။
0 comments:
Post a Comment