The Great Hack (2019)


Rating : 7.0/10
Country : United State
Genre :   Documentary, Biography, History
Cast :  Brittany Kaiser, David Carroll, Paul-Olivier Dehaye
Released Date : 2019
Duration : 1h 54min

အညွှန်း
ပထမဦးဆုံးပြောချင်တာက ဒီရုပ်ရှင်ဟာ အပျော်ကြည့်ဖျော်ဖြေရေးရုပ်ရှင်မဟုတ်ပါဘူး … ၂၀၁၆ အမေရိကန် မှာ ရွေးကောက်ပွဲအပြီးမှာ Facebook နဲ့ Cambridge Analytica ကုမ္ပဏီတို့ကြားအကြီးအကျယ်ပွဲဆူခဲ့တဲ့ နည်းပညာဆိုင်ရာ တရားမဝင် မဲဆွယ်မှုတွေအသုံးချပြီး လူတွေကို လှည့်စားခဲ့တာတွေ မဟုတ်မမှန် နိုင်ငံရေးဝါဒဖြန့်မှုတွေ လုပ်ခဲ့တာတွေကို ရိုက်ကူးမှတ်တမ်းတင်ထားတဲ့ မှတ်တမ်းရုပ်ရှင်ပဲဖြစ်ပါတယ်…
ဒီရုပ်ရှင်ကိုဘယ်လိုလူတွေကြည့်သင့်လဲ ? ဒီမေးခွန်းကိုဖြေရရင် Facebook လိုလူမှုကွန်ယက်အသုံးပြုသူတွေ မဖြစ်မနေကြည့်သင့်တဲ့ မှတ်တမ်းရုပ်ရှင်ပဲဖြစ်ပါတယ် … ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ နေ့စဉ်အသုံးပြုနေတဲ့ လူမှုကွန်ယက်မီဒီယာတွေမှာ ကျွန်တော်တို့ရဲ့ကိုယ်ရေးကိုယ်တာအချက်အလက်တွေဟာ သိမ်းဆည်းအသုံးချခံနေရပါတယ် ၂၀၁၆ ဒေါ်နယ်ထရမ့် မဲဆွယ်ပွဲတွေလုပ်တုန်းကလည်း ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို သုံးပြီး လူတွေကို ဖျားယောင်းခဲ့လို့ အဲ့ဒီကုမ္ပဏီတွေ တရားစွဲခံရပါတယ် ဒီအချက်အလက်တွေကို ဘယ်လိုအသုံးချပြီး ဘယ်လိုစည်းရုံးခဲ့လဲ ဒီထဲမှာ အားလုံးပါပါတယ် တိုးတက်လာတဲ့ခေတ်ကြီးမှာ ကမ္ဘာကြီးကို ပိုမိုနီးကပ်အောင် ကြိုးစားခဲ့ကြတာကနေ နည်းပညာရဲ့ဘေးထွက်ဆိုးကျိုးက လူတွေကိုပိုမို ဝေးကွာစေခဲ့ပါတယ်…ဒါတွေဟာ နိုင်ငံတိုင်းလိုလိုမှာဖြစ်နေတာပါ … လူမှုကွန်ယက်တွေကိုအသုံးချပြီး အမျိုးမျိုးသွေးခွဲဝါဒဖြန့်မှုတွေကို ဇူကာဘက်တို့လို ကြီးမားတဲ့ နည်းပညာကုမ္ပဏီပိုင်ရှင်တွေက သိရဲ့သားနဲ့ ရေငုံနှုတ်ပိတ်နေတာကြပါတယ် … ဒါတွေအားလုံးကို ဒီထဲမှာ ရှင်းလင်းရိုက်ကူးပြထားပါတယ်…
 

0 comments:

Post a Comment