The 16th Episode Little Horror Movie (2018)


Rating : 5.7/10
Country : United State
Genre :  Horror
Cast :  Rebecca Ramon, Einar Kuusk, Aouatefe Lahmani 
Released Date : 2018
Duration : 1h 33min 



အညွှန်း
မာ့ခ်, အီနာ နဲ့ ဟယ်လင်တို့ဟာ ခရီးသွားဗီဒီယို ဘလော့ဂါ အုပ်စုဖြစ်ပါတယ်။
တကယ့်အောက်ခြေလူတန်းစားရပ်ကွက်တွေထဲကို အရောက်သွားပြီး
တစ်ခါတစ်လေ အန္တရာယ်တွေကြုံရပေမယ့် သူတို့တင်ပေးတဲ့ ဗီဒီယိုတွေမှာ ကြည့်ရှုသူများရင် ပျော်နေတတ်ကြတာပါ။
ဒဏ္ဍာရီတွေထဲက မြို့ ယုံတမ်းစကားတွေ အများကြီးနဲ့မြို့ ရှေးရိုးစွဲအယူအဆနဲ့မြို့ဖြစ်တဲ့ ကာဆာ ဘလန်ကာကို ရောက်လာတဲ့အခါမှာ…

သူတို့ကြုံရတဲ့ ထူးခြားဆန်းကြယ်မှုတွေဟာ သူတို့ရဲ့ ဗီဒီယိုကို ကြည့်ရှုသူတွေ အများကြီးနဲ့ အောင်မြင်ဖို့တွန်းပို့ပေးတော့မှာပါ။
တကယ်တမ်း
သူတို့ပေးဆပ်ရခဲ့တာတွေနဲ့ကော တန်ရဲ့လား?blair witch project ကစခဲ့တယ်လို့ပြောရမယ့် Found footage ပုံစံ နောက်တစ်ကားပါပဲ။
နာမည်ကြီးခဲ့တဲ့ As above, so below တို့ V/H/S တို့လိုကားတွေကို သိရင် ဒီကားကလဲ သဘောကျဖို့ကောင်းတယ်။
ဒီအမျိုးအစားထဲကပဲလာပြီး အဲ့ဒီလိုကားမျိုးတွေကို ပြန်လှောင်နေတာတွေ
သူငယ်ချင်း အချင်းချင်းအတည်ပေါက်နဲ့ပြောနေတာလေးတွေ ရယ်ရတယ်။
ဘတ်ဂျက်အများကြီးသုံးမထားပေမယ့် ပေါ့ပေါ့ပါးပါးကြည့်လို့ကောင်းတဲ့ကားလေးပါပဲ။ 

0 comments:

Post a Comment