Rating : 6.3/10
Country : United State
Genre : Biography, Crime, Drama
Cast : Johnny Depp, Forest Whitaker, Toby Huss
Released Date : 2018
Duration : 1h 52min
အညွှန်း
Who Shot Biggie???
ဒီဇာတျကားရဲ့ ကွာမွငျ့ခြိနျ 1 နာရီ 52 မိနစျဟာ အဲ့ဒီမေးခှနျးလေးတစျကွောငျးနဲ့ ဆကျစပျပွီးရိုကျသှားတာပါ…
အကြောင်းအရာတစ်ခုတည်းကို 1 နာရီ 52 မိနစ်တောင် ရိုက်ထားလို့ ပျင်းစရာကောင်းမှာပဲလို့ တွေးမိရင် တက်တက်စင်အောင် လွဲပါလိမ့်မယ်…ဒီဇာတ်ကားဟာ ဖြစ်ရပ်မှန်ဇာတ်ကားတစ်ကားဖြစ်ပြီး တကယ့်အပြင်မှာလည်း Who Shot Biggie? ဆိုတဲ့မေးခွန်းကို နာမည်ကျော် FBI အဖွဲ့အပါအဝင် LAPD စုံထောက်တွေပါ ပူးပေါင်းစုံစမ်းခဲ့တာ နှစ် 20 ကျော်ကြာခဲ့ပါတယ်…မြန်မာနိုင်ငံက Rapper တွေ Mainstream နဲ့ Underground အပြန်အလှန်လှော်နေကြသလို Los Angeles မြို့ကြီးမှာလည်း East Coast နဲ့ West Coast ဆိုပြီး နှစ်ဖွဲ့ကွဲ လှော်ကြပါတယ်…1996 ခုနှစ်လောက်ကဖြစ်ခဲ့တဲ့လူသတ်မှုဖြစ်တဲ့အတွက် လူဖြူလူမည်းပဋိပက္ခတွေလည်း ရှိနေတဲ့အချိန်ပါ…ဒီအမှုကို နှစ်ပေါင်းအကြာကြီး စုံစမ်းနေသူကတော့ Poole ဆိုတဲ့ စုံထောက်တစ်ယောက်ပါ…နောက်ထပ်ဒီအမှုကို စိတ်ဝင်စားပြီး သတင်းလိုက်နေတဲ့သူကတော့ Jackson ဆိုတဲ့ သတင်းထောက်တစ်ယောက်ဖြစ်ပါတယ်…
အမှုတစ်ခုတည်းကို နှစ်ရှည်လများ စုံစမ်းလာခဲ့တဲ့ စုံထောက်တစ်ယောက်နဲ့ လုပ်ငန်းအတွင်း နာမည်ကောင်းတစ်ခုရဖို့ ကြိုးစားနေတဲ့ သတင်းထောက်တို့ ပူးပေါင်းမိချိန်မှာတော့ ဘာတွေဆက်ဖြစ်ကြမယ်ဆိုတာ ရှုစားကြပါဦး…
နာမည်ကျော်မင်းသားကြီး Johnny Depp နဲ့ Forest Whitaker တို့က အဓိကပါဝင်သရုပ်တောင်ထားပါတယ်…
0 comments:
Post a Comment