Rating : 6.8/10
Country : Korea
Genre : Comedy, Drama
Cast : Hyeon-jin Baek, Hyun-Chul Cho, Su-im Choi
Released Date : 2020
Duration : 1h 50min
Country : Korea
Genre : Comedy, Drama
Cast : Hyeon-jin Baek, Hyun-Chul Cho, Su-im Choi
Released Date : 2020
Duration : 1h 50min
အညွှန်း
ဒီဇာတ်ကားကိုတော့ ၁၉၉၅ခုနှစ်မှာ အခြေခံထားပါတယ် လီဂျာယောင်း ဂျောင်ယူနာ ရှင်းဘိုရမ်ဆိုတာ တက္ကသိုလ်ဆက်မတက်နိုင်တဲ့ အထက်တန်းကျောင်းထွက်တွေဖြစ်ကြပေမယ့် ဘဝကိုကြိုးကြိုးစားစားနေထိုင်ကြပြီးဆမ်ဂျင်းအီလက်ထရောနစ်ကုမ္ပဏီရဲ့အမျိုးသမီးဝန်ထမ်းတွေလည်းဖြစ်ကြပါတယ် အလုပ်မှာထူးချွန်သူတွေဖြစ်ကြပေမယ့် တက္ကသိုလ်မတက်နိုင်ခဲ့တော့ အဆင့်အတန်းခွဲခြားခံရင်း တစ်နေ့မှာ မန်နေဂျာဖြစ်နိုင်ဖို့ မျှော်လင့်နေကြတဲ့သူတွေပေါ့ ဒီလိုနဲ့ တစ်နေ့ ကုမ္ပဏီမှာ TOEIC အမှတ်၆၀၀ကျော်ရင် မန်နေဂျာဖြစ်နိုင်တယ်လို့ ကြေညာစာထွက်လာခဲ့တယ် အဲဒီအချိန်ကစပြီး သူငယ်ချင်း၃ယောက် ကြိုးစားပမ်းစား အင်္ဂလိပ်စာသင်ခဲ့ကြတယ် တစ်ချိန်တည်းမှာပဲ ကုမ္ပဏီရဲ့ရှေ့ရေးကို ထိခိုက်စေတဲ့ ဓာတုပစ္စည်းတရားမဝင်စွန့်ထုတ်မှုတွေ ကြုံတွေ့လာရတဲ့အခါ မန်နေဂျာဖြစ်ဖို့ကြိုးစားနေတဲ့ ကိုယ့်ရဲ့ရည်မှန်းချက်တွေကို ထိခိုက်မလာစေဖို့ ဒီတရားမဝင်စွန့်ထုတ်မှုရဲ့နောက်ကွယ်မှာ ဘယ်သူတွေရှိလဲ ဒီကုမ္ပဏီကို ဘယ်လိုတွေကာကွယ်ရမလဲ ဘယ်သူ့လက်ထဲကနေ ကာကွယ်ရမလဲဆိုတာ ဒီကားထဲမှာ စောင့်ကြည့်လိုက်ကြရအောင် မင်းသမီး၃ယောက်လုံးကိုတော့ ကိုရီးယားဒရာမာပရိသတ်တွေ သေချာပေါက်ရင်းနှီးနေမှာအမှန်ပါပဲ စုပေါင်းခြင်းသည်အင်အားဆိုတဲ့ ဆိုရိုးစကားကို ဒီဇာတ်ကားလေးထဲမှာ အသေအချာတွေ့နိုင်ပါလိမ့်မယ် နောက်ပြီးတော့လည်း သူငယ်ချင်းသံယောဇဉ် အထက်လူကြီးတစ်ယောက်ရဲ့မေတ္တာ အလုပ်ခွင်သံယောဇဉ်နဲ့ယုံကြည်မှုတွေကို အပြည့်အဝခံစားရပါလိမ့်မယ် သေချာပေါက်ကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားဖြစ်လို့ ညွှန်းပေးချင်ပါတယ်
0 comments:
Post a Comment