Ophelia (2018)


Rating : 6.6/10
Country : United State
Genre :   Drama, History, Romance
Cast :  Daisy Ridley, Mia Quiney, Calum O'Rourke
Released Date : 2018
Duration : 1h 54min 




အညွှန်း
ရှိတ်စပီးယားပြဇာတ်တွေနဲ့ မစိမ်းသူတွေကတော့ နာမည်ကျော် ဟမ်းမလက်ပြဇာတ်ကို သိကြမှာပါ ဒီကားကတော့ အဲဒီကမ္ဘာကျော်ပြဇာတ်ကိုပဲ ပြန်ရိုက်ထားတာ ဖြစ်ပါတယ် ဟမ်းမလက်ရဲ့အမျိုးသမီးဖြစ်သူ အိုဖီလီယာဘက်က လှည့်ပြီးတော့ ဇာတ်ညွှန်းခွဲ ရိုက်ကူးတင်ဆက်ထားတာပါ ဇာတ်လမ်းအကျဉ်းကတော့ မင်းသားတစ်ပါးဖြစ်သူ ဟမ်းမလက်နဲ့
ဘုရင့်နောက်တော်ပါးတစ်ဦးရဲ့ သမီးဖြစ်သူ အိုဖီလီယာတို့ရဲ့ အချစ်ဇာတ်လမ်းပဲဖြစ်ပါတယ် ဟမ်းမလက်က သိပ်မရင့်ကျက်သေးတဲ့ မင်းသားတစ်ပါး ဖြစ်ပြီး သူ့ဦးရီးတော်ရဲ့ အနိုင်ကျင့်မှု လူဝါးဝမှုတွေကို ခံနေရကျဖြစ်ပါတယ် အိုဖီလီယာကတော့ တင်းကျပ်တဲ့စည်းမျဉ်းတွေနဲ့ မိန်းမသားတွေကို နှိပ်ကွပ်ထားတဲ့ခေတ်မှာတောင် ထက်ထက်မြက်မြက် ယောကျာ်းတွေနဲ့ တန်းတူ ကြီးပျင်းလာတဲ့ မိန်းကလေးတစ်ဦးပါ သူတို့နှစ်ဦးရဲ့အခက်အခဲကြားက ချစ်ပုံပြင်ကို တင်ဆက်ထားတာပဲဖြစ်ပါတယ် သာမန်အချစ်ဇာတ်လမ်းလို့ထင်နိုင်ဖွယ်ရာရှိပေမယ့် ကမာ႓ကျော်ပြဇာတ်ဆိုတဲ့အတိုင်း ဇာတ်အိမ်ခိုင်ခိုင်မာမာနဲ့ အနု အကြမ်း အလွမ်း အကုန်ပါအောင် တင်ဆက်ထားတာပါ တစ်ဆင့်ပြီးတစ်ဆင့် ဇာတ်ကွက်ကိုမှန်းမရအောင် ပုံဖော်ရိုက်ကူးထားတာပဲဖြစ်ပါတယ် ကြည့်မိလို့နောင်တမရမယ့်ကားတစ်ကားဖြစ်ပြီးတော့Rating 7.1 အထိရရှိထားပါတယ်…ဒီပြဇာတ်ကလည်း ရိုမီယို ဂျူးလိယက်နဲ့ အပြိုင် ကမာ႓ကျော်ခဲ့တဲ့ပြဇာတ်တစ်ခုမို့ ကြည့်ပြီးတဲ့အခါ ရင်ထဲ တစ်ခုခုတော့ မှတ်မှတ်ထင်ထင် ကျန်ခဲ့မှာတော့ အသေအချာပါပဲ 

0 comments:

Post a Comment