Battle for Sevastopol (2015)


Rating : 7.1/10
Country : United State
Genre :  Biography, Drama, Romance 
Cast :  Yuliya Peresild, Evgeniy Tsyganov, Oleg Vasilkov
Released Date : 2015
Duration : 1h 50min 


အညွှန်း
IMDb 7.2 ရထားတဲ့ ၂၀၁၅ ထွက် ကားလေး တင်ပေးလိုက်ပါတယ်။ ဇာတ်လမ်းထဲက ဇာတ်ကောင်ကတော့ အပြင်မှာတကယ်ရှိခဲ့တဲ့ ယူကရိန်းသူ ဆိုဗီယက်စနိုက်ပါ တစ်ယောက်အကြောင်းပါပဲ။ ဒုတိယကမ္ဘာစစ်အတွင်း ထင်ရှားခဲ့တဲ့ အမျိုးသမီးသူရဲကောင်းတစ်ယောက်အကြောင်းပါ။ သူ့ကိုသမိုင်းတစ်လျှောက် အအောင်မြင်ဆုံး အမျိုးသမီးစနိုက်ပါ အဖြစ်သိကြသလို World Deadliest Sniper ၁၀ ယောက်စာရင်းမှာ နံပါတ်သုံး ချိတ်ခဲ့တဲ့ တဦးတည်းသော အမျိုးသမီးစနိုက်ပါအဖြစ်လဲ သိကြပါတယ်။ ဇာတ်လမ်းအစမှာတော့ အိမ်ဖြူတော်မှာ ကျင်းပတဲ့ တွေ့ဆုံပွဲတစ်ခုမှာ လူဘယ်နှယောက်သတ်ခဲ့ပြီလဲ ဆိုတဲ့မေးခွန်းကို လူတွေကိုသတ်တာမဟုတ်ဘူး ဖက်ဆစ်တွေကို သတ်တာပါ ၃၀၉ ယောက်ရှိပါပြီ ဆိုတဲ့ အဖြေနဲ့ အားလုံးအံ့သြသွားစေခဲ့ပြီး သူ့ဘဝဇာတ်ကြောင်းကို စဖွင့်ပြခဲ့တာပါ။ စစ်ပွဲအတွင်းမှာ လူတွေသိန်းနဲ့ချီပြီး သေတာ မထူးဆန်းခဲ့ပေမယ့် မိန်းမငယ်လေးတစ်ယောက်က ရိုင်ဖယ်သေနတ်တစ်လက်နဲ့ လူ ၃၀၀ ကျော် သတ်နိုင်ခဲ့တာကိုတော့ အံသြဘနန်း ဖြစ်စေခဲ့တာ အမှန်ပါပဲ။ သမ္မတ ရူးစဗဲ့ကတော်နဲ့ ခင်မင်ခဲ့ပြီး သမ္မတကတော်ကြီးက ပြန်ပြောပြတဲ့ ပုံစံလေးနဲ့ ပြသသွားပါတယ်။ သူတို့လာရင်းရည်ရွယ်ချက်ဖြစ်တဲ့ ဒုတိယကမ္ဘာစစ်ကို အမေရိကန်ကလဲ စစ်မျက်နှာဖွင့်ပေးဖို့ တောင်းဆိုရာမှာ ဒါကို မလိုလားတဲ့လူတွေ အတွက် တွန်းအားဖြစ်စေမဲ့ နာမည်ကျော်စကားတစ်ခွန်းကို ပြောခဲ့ပုံလေးနဲ့ သူ့ဘဝ အနိမ့်အမြင့် အခက်အခဲတွေနဲ့ သေလုနီးနီးအချိန်တွေ သူချစ်ရတဲ့ သူတွေအကြောင်းကို ပြသွားတာကို တွေ့ရမှာပါ။ တကယ်လဲ သမိုင်းမှာ သူပြောခဲ့တဲ့ ” ကျွန်မ အသက် ၂၅ နှစ်မှာ ဖက်ဆစ် ၃၀၉ ယောက် သုတ်သင်ခဲ့ပြီးပါပြီ။ လူကြီးမင်းတို့၊ ရှင်တို့တွေ ကျွန်မနောက်ကျောမှာ ပုန်းကွယ်နေခဲ့တာ အချိန်အတော်ကြာပြီလို့များ မတွေးမိကြဘူးလား” ဆိုတဲ့စကားဟာ အမှတ်တရဖြစ်ကျန်ခဲ့ပါပြီ။ သူ့ဘဝနဲ့အတူ နာမည်ကျော် ဆီဗာစတာပိုစစ်ပွဲကြီးရဲ့ တစ်စိတ်တစ်ပိုင်းကိုပါ ခံစားကြည့်နိုင်ပါပြီ။ 

 

0 comments:

Post a Comment