Merci Bocuse (2019)


 

Rating : 6.6/10
Country : United State
Genre : Documentary 
Cast : Trevor Ritchie, Jenna Reich, Jerome Bocuse
Released Date : 2019
Duration : 1h 30min

အညွှန်း
စိတ်ဝင်စားစရာ documentary ရုပ်ရှင်လေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။ဟင်းချက်ရတာနဲ့ စားသောက်စရာပြုလုပ်ပုံတွေကို သဘောကျနှစ်သက်သူတွေ ဒီဘိုကူးစ်ဒေါပြိုင်ပွဲမှတ်တမ်းရုပ်ရှင်ကို သဘောကျလောက်မယ်ထင်ပါတယ်
ဘိုကူးစ်ဒေါပြိုင်ပွဲတွေကို နှစ်စဥ်ကျင်းပပါတယ်။ နှစ်တိုင်းနိုင်ငံပေါင်းနှစ်ဆယ်ကျော်ကနိုင်ငံအဆင့်ရွေးချယ်ခြင်းခံရတဲ့စားဖိုမှုးတွေချည်း ပါဝင်ကြပြီး ပြင်သစ်နိုင်ငံလီယွန်းမြို့ကိုလာရောက်ယှဥ်ပြိုင်ကြရပါတယ်။ အဲ့ဒီက ပုဂ္ဂိုလ်ကကျောင်းမှာရက်ပိုင်းလောက်နေပြီးမှ ပြိုင်ကြရတာပါ။စားဖိုမှုးတွေဟာ အရမ်းကို ဒီဟင်းချက်တဲ့ပရောဖက်ရှင်နယ်လ်အပေါ်အနုစိတ်တန်ဖိုးထားကြတာကို တွေ့ရမှာပါ။ပြိုင်ပွဲရဲ့စည်းကမ်းတွေအပြင်ဟင်းလျာတွေထည့်တဲ့ဗန်းကအစ အရမ်းကိုပြောင်မြောက်အောင်အချိန်ပေးစဥ်းစားပြီး လုပ်ကြတာတွေဒီပြိုင်ပွဲကို စပေါ်ပေါက်စေခဲ့တဲ့ ပြင်သစ်လူမျိုး ပေါ်လ်ဘိုကူးစ်အကြောင်း၊ စားဖိုမှုးတွေ အခက်အခဲတွေကြား ကြိုးစားရုန်းကန်ခဲ့ရတာတွေ၊ ဒီစားဖိုမှုးတွေနောက်က ထောက်ပံ့ ၊ပံ့ပိုးပေးတဲ့အသင်းအဖွဲ့တွေ၊ မိသားစုဝင်တွေအကြောင်း တွေ့ရမှာပါ။စားဖိုမှုးကြီးပေါ်လ်ဘိုကူးစ်အကြောင်း စာအုပ်များစွာရေးသားခဲ့ကြပါတယ်။ဒီမှတ်တမ်းရုပ်ရှင်ကိုတော့ ကနေဒါနိုင်ငံကိုယ်စားပြု စားဖိုမှုးအဖွဲ့ကနေ ရိုက်ကူးထားပါတယ်

0 comments:

Post a Comment