Masaan (2015)


 

Rating : 8.2/10
Country : India
Genre : Drama
Cast : Richa Chadha, Sanjay Mishra, Vicky Kaushal
Released Date : 2015
Duration : 1h 49min

အညွှန်း
Masaan ဆိုတဲ့ အိန္ဒိယရုပ်ရှင်ကမတူညီတဲ့ ကြေကွဲဖွယ်အချစ်ဇာတ်လမ်းလေးနှစ်ခုပါကျောင်သားလူငယ်စုံတွဲပီရွတ်ရ် နဲ့ ဒေဗီ နှစ်ယောက်ဟာဟိုတယ်တစ်ခုမှာ ချိန်းတွေ့ကြရင်းရဲတွေက ဟိုတယ်အခန်းထဲအတင်းဝင်ရောက်ပြီးအသွင်ယူဖမ်းဆီးခြင်းကို ခံလိုက်ရတယ်


 
စခန်းမှူးက ကောင်မလေးကိုဖုန်းနဲ့ ဗွီဒီယိုရိုက် မှတ်တမ်းယူတော့ကောင်လေးကကြောက်လန့် ရေချိုးခန်းထဲဝင်ပြေးမိမိလက်ကောက်ဝတ်ကို ဓါးနဲ့လှီးပြီးအဆုံးစီရင်သွားတယ်အဲ့ဒီနောက် စခန်းမှူးက ကောင်မလေးအဖေကိုဗွီဒီယိုပြချိန်းခြောက်ပြီး ငွေညှစ်တော့တယ်


 
ဗွီဒီယိုကို ယူကျူ့ပေါ်မတင်စေချင်ရင်ရူပီး ၃ သိန်းကို ၃ လ အတွင်းပေးရမယ်မပေးနိုင်ရင် ကောင်မလေးကိုကောင်လေး သေဆုံးမှုနဲ့ပတ်သက်ပြီးထောင်ထဲထည့်လို့ရတယ်လို့ ပြောတဲ့အခါ …ဂတ်ရှ် (ဂင်္ဂါမြစ်ထဲဆင်းတဲ့လှေကားများ) အနီးမှာသေဆုံးသူတွေအတွက်အမှတ်တရပစ္စည်းလေးတွေရောင်းတဲ့ဖခင်ဖြစ်သူက မရှိဆင်းရဲပေမယ့်

သမီးလေးရဲ့ အရှက်နဲ့ ဂုဏ်သိက္ခာအတွက်စခန်းမှူးတောင်းတဲ့ငွေကိုပေးဖို့ငွေရှာရတော့တယ် ……..ဒီးပတ် ဆိုတဲ့ကောင်လေးကမြို့ပြအင်ဂျင်နီယာကျောင်းသားတစ်ယောက်ဂင်္ဂါမြစ်ကမ်းနားမှာရှိတဲ့ဇာတ်နိမ့်ဆင်းရဲတဲ့ရပ်ကွက်မှာနေပြီးသူအပါအဝင် မိသားစုအားလုံးကဂတ်ရှ် (ဂင်္ဂါမြစ်ထဲဆင်းတဲ့လှေကားများ) အနီးမှာသေဆုံးသူတွေကို မီးရှို့ပေးတဲ့အလုပ်ကိုလုပ်ကိုင်ကြတယ်

နောက်ပြီး သူ့မှာ ကဗျာဂီတကိုချစ်တဲ့ဇာတ်မြင့်မိသားစုက ရှာလူး ဆိုတဲ့ကောင်မလေးနဲ့ ချစ်သူတွေပေါ့ချစ်သူနှစ်ဦးရဲ့ဇာတ်နိမ့် နဲ့ ဇာတ်မြင့် မတူညီတဲ့မိသားစုကြားမှာ အဆင်မပြေနိုင်ဘူးဆိုတာသူတို့နှစ်ဦး သိလာတဲ့အချိန်မှာကောင်မလေးက အခုမိသားစုနဲ့ဘုရားဖူးသွားပြီး ပြန်လာရင်ကောင်လေးနောက် ခိုးရာလိုက်ခဲ့မယ်လို့ပြောပြီးနောက်မှာတော့ …..

0 comments:

Post a Comment