Rating : 6.8/10
Country : United State
Genre : Comedy, Romance
Cast : Charlize Theron, Seth Rogen, June Diane Raphael
Released Date : 2019
Duration : 2h 5min
အညွှန်း
ဟာသဒရာမာ ကားကောင်းတွေကို မျှော်လင့်တောင့်တနေတဲ့ ပရိတ်သတ်တွေအတွက် ၂၀၁၉ ထဲ ပူပူနွေးနွေး ထွက်ရှိထားတဲ့ Long Shot ဆိုတဲ့ ဇာတ်ကားလေး တင်ဆက်ပေးပါရစေ ဖရက် ဖလာစကီ ဆိုတဲ့ သတင်းထောက်တစ်ဦးဟာ သူတို့သတင်းစာတိုက်ကို ခရိုနီ ကုမ္ပဏီကြီးက ဝယ်သွားလို့ ဒေါသတွေထွက် မကျေမနပ်ဖြစ်ပြီး သတင်းစာတိုက်ကနေ အလုပ်ထွက်လာခဲ့ပြီး အလုပ်လက်မဲ့တစ်ဦးဖြစ်နေခဲ့ပါတယ် ချားလော့ ဖီးဒ်ဆိုတဲ့ အမျိုးသမီးကတော့ လှပပြီး ထက်ထက်မြက်မြက်ရှိတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ အတွင်းရေးမှူးတစ်ယောက်ဖြစ်ရုံမက
နောက်တက်မယ့် သမ္မတနေရာအတွက် လက်ရှိသမ္မတက ထောက်ခံမှုပေးထားတဲ့ ဒိတ်ဒိတ်ကျဲ အမျိူးသမီးတစ်ဦးပေါ့ သာမာန်သတင်းထောက်လေးတစ်ဦးနဲ့ နိုင်ငံရဲ့အစိုးရအဖွဲ့ဝင် ဒိတ်ဒိ်တ်ကြဲ အမျိုးသမီးတစ်ဦးတို့ဟာ တစ်ညမှာ အမှတ်မထင်တွေ့ဆုံခဲ့ကြပြီး ဘာတွေများဆက်ဖြစ်ကြမှာပါလိမ့်….။ မပြုံးဘဲ ဝါးလုံးကွဲ ရယ်ရမယ့်ဟာသများနဲ့ အမေရိကန်နိုင်ငံရေးကို သရော်ထားပြီး ရင်ထိတ်စရာ မျက်ရည်လည်စရာ ခံစားချက်ပေါင်းစုံရောပြွန်းနေမယ့် ဇာတ်ကားလေးကို Seth Rogen နဲ့ Charlize Theron တို့ အဓိကပါဝင်သရုပ်ဆောင်ထားပြီး IMDb – 7.2/10 နဲ့ Rotten tomatoes – 81 % တောင်ရရှိထားတာပါ ကိုယ်တိိုိင်ပဲ ကြည့်ရှုခံစားတော်မူပါ

0 comments:
Post a Comment