Leap (2020)


 

Rating : 6.8/10
Country : China
Genre : Drama, Sport
Cast : Li Gong, Bo Huang, Gang Wu 
Released Date : 2020
Duration : 2h 15min

အညွှန်း
မင်းသမီးကြီး ဂေါင်းလီ(gong li)ခေါင်းဆောင်ပါဝင်ထားတဲ့
တရုတ်နိုင်ငံလက်ရွေးစင်အမျိုးသမီးဘောလီဘောအသင်းတွေရဲ့
ဇာတ်လမ်းကိုရိုက်ပြထားတဲ့ Biographical sportရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းမှာတော့
Lang Pingက အသက်၁၈နှစ်ကတည်းကနိုင်ငံလက်ရွေးစင်အသင်းကခေါ်ဆောင်ခြင်းကိုခံခဲ့ရပါတယ်။
လက်ရွှေးစင်အသင်းထဲရောက်သွားတော့ ကိုယ်ခန္ဓာကြံခိုင်မှုအားမရှိတဲ့အတွက် အသင်းနဲ့လေ့ကျင့်မှုမလုပ်နိုင်ခဲ့ဘဲ ကီလို၁၀၀အလေးကိုဘဲ မ နေခဲ့ရတယ်။
အရန်လူဘဝကနေ အဓိကအားကစားသမားဖြစ်လာခဲ့ပြီးတော့ ၁၉၈၁ ကမ္ဘာဖလားအသင်းမှာလဲအနိုင်ရခဲ့ပါတယ်။၂၀၀၈ ကမ္ဘာဖလားမှာတော့ Lang pingက USAအဖွဲ့နည်းပြတစ်ယောက်အဖြစ်
သူမသူငယ်ချင်းဦးဆောင်တဲ့ တရုတ်အသင်းနဲ့ ကမ္ဘာဖလားပြိုင်ပွဲမှာပြန်တွေ့ခဲ့ရပါတယ်။
အဲ့ပြိုင်ပွဲမှာ သူမဦးဆောင်တဲ့ USAအသင်းကအနိုင်ရသွားပြီးတော့
တရုတ်အမျိုးသမီးဘောလီဘောအသင်းကရှုံးနိမ့်သွားခဲ့ပါတယ်။
Lang Pingကသူမတို့လက်ထက်တုန်းကလို တရုတ်အမျိုးသမီးဘောလီဘောအသင်းရဲ့ရွှေရောင်နေရက်တွေကိုပြန်ယူဆောင်လာပေးချင်တာကြောင့်
တရုတ်ကို ပြန်လာကာ တရုတ်အမျိုးသမီးဘောလီဘောအသင်းနည်းပြဖြစ်ဆောင်ရွက်ခဲ့ပါတော့တယ်။
Lang pingတစ်ယောက်တရုတ်အမျိုးသမီးဘောလီဘောအသင်း
ကမ္ဘာဖလားပြန်ရအောင်ဘယ်လိုစွမ်းဆောင်မလဲဆိုတာ စိတ်ပါဝင်စားစွာကြည့်ရှုကြပါအုံး။

0 comments:

Post a Comment