Defiance (2008)



Rating : 7.2/10
Country : United State
Genre : Action, Drama , History 
Cast :  Daniel Craig, Liev Schreiber, Jamie Bell 
Released Date : 2008
Duration : 2h 17min


အညွှန်း
ယနေ့ခေတ်လူငယ်တွေဟာ စစ်ရဲ့ဆိုးကျိုးတွေကို မခံစားခဲ့ဖူးပါဘူး ။
ဒါကြောင့်လဲ အချို့နိုင်ငံရေး Post တွေမှာဆိုရင် ချပစ် သတ်ပစ် ဆိုတဲ့ Comments တွေကို အများဆုံးတွေ့ရလေ့ရှိပါတယ်။၁၉၄၁ခုနှစ် ဒုတိယ ကမ္ဘာစစ်အတွင်းမှာ ဟစ်တလာဟာ ဘီလိုရုရှားနိုင်ငံကို သိမ်းပိုက်ခဲ့ပါတယ် ။သူ့ရဲ့ အညိုးအတေးတွေကြောင့် ထုံးစံအတိုင်း နိုင်ငံတွင်းက ဂျူးလူမျိုးတွေမှန်သမျှကို တစ်ဖြည်းဖြည်းချင်းလူမျိုးတုန်းသတ်ဖြတ်လာတဲ့အခါမှာတော့…..တူဗီယာတို့ ညီအကိုတွေဟာ နာဇီတွေဝင်ရောက်မလာခင်ကတည်းက ပြစ်မှု့တစ်ခုကြောင့် တောထဲမှာထွက်ပြေးတိမ်းရှောင်နေရပါတယ်။အချိန်အကြာကြီးနေခဲ့တာကြောင့် တောကိုလည်း ကျွမ်းကျင်နေကြပါပြီ။စစ်ကြီးစဖြစ်တော့ အခြားသူတွေကလည်း သူတို့လို တောထဲကို ထွက်ပြေးတိမ်းရှောင်ကြပါတယ်။တူရာတူရာတွေ စုမိကြရင်း နောက်ဆုံး ရွာတစ်ရွာတည်နိုင်လောက်တဲ့အထိများပြားလာတဲ့အခါမှာတော့သူတို့ဟာ သူပုန်လိုလို တော်လှန်ရေးသမားတွေလိုလို ဖြစ်လာကြပါတော့တယ်။ဒီကားဟာ ဖြစ်ရပ်မှန်ဝတ္တုဖြစ်တဲ့ Defiance : The Bielski Partisans ဆိုတဲ့ Nechama Tec ရဲ့ဝတ္တု့ကို ပြန်လည်အသက်သွင်းထားတာပါ။သရုပ်ဆောင်တွေကတော့ ဂျိမ်းစ်ဘွန်းမင်းသားကြီးဖြစ်တဲ့ Daniel Craig နဲ့ Wolverine အကိုအဖြစ် သရုပ်ဆောင်ဖူးတဲ့ Liev Schreiber တို့က ပါဝင် သရုပ်ဆောင် ထားကြပါတယ်။

0 comments:

Post a Comment