Rating : 4.4/10
Country : United State
Genre : Horror, Mystery, Thriller
Cast : Wyn Reed, Dylan O'Harra, Christopher Doran
Released Date : 2020
Duration : 1h 32min
Country : United State
Genre : Horror, Mystery, Thriller
Cast : Wyn Reed, Dylan O'Harra, Christopher Doran
Released Date : 2020
Duration : 1h 32min
အညွှန်း
ရုပ်ရှင် ပိုစတာလေးကြည့်ပြီး သရဲကားလို့ထင်နေပါသလား? မဟုတ်ပါဘူးနော်.. ဆိုက်ကို လူသတ်သမားကားလားဆိုတော့လည်း… အဲ့လိုလည်းပြောလို့မရပြန်ဘူး… ဒါဆို ဘာကားကြီးလဲဆိုတော့.. စိတ်ဒဏ်ရာရနေတဲ့ ကောင်လေးတစ်ယောက်ရဲ့ အကြောင်းပါ..
အဲ့ကောင်လေးက ဘယ်သူဆိုတာ ဇာတ်လမ်းအဆုံးသတ်ကြမှ ပြောပေမယ့် JoJo ကတော့ သိတယ်လေ… ငိငိငိ.. ဇာတ်လမ်းကဘယ်လိုစထားလဲဆိုတော့ လိုဏ်ဂူထဲကို ခရီးစဉ် လိုက်ပို့တာနဲ့စထားပါတယ်။ အဲ့မှာ တံခါးတစ်ချပ်တော့ ပိတ်ထားတယ် ၊ ထုံးစံအတိုင်းမဝင်ရပေါ့ .. ဘာလို့လဲဆိုတော့ အဲ့မှာ ကောင်မလေးတစ်ယောက်က လမ်းပျောက်ဖူးလို့ပါတဲ့ ဒီနေ့ က ဗယ်လာရီ ဆိုတဲ့ တိုးဂိုက်လေးရဲ့ အလုပ်မှာ နောက်ဆုံးရက်… နောက်ဆုံးရက်လေးမှာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပျော်ပျော်ပါးပါးပါတီပေးရင်း နှုတ်ဆက်ကြတာပေါ့… အဲ့မှာပဲ အရင်တုန်းကဖြစ်ပျက်ခဲ့တဲ့ လိုဏ်ဂူမှာပျောက်ခဲ့တဲ့ ကောင်မလေး အကြောင်းရောက်သွားရော.. တစ်ယောက်ချင်းဆီက သူတို့ကြားဖူးတဲ့ ဇာတ်လမ်းလေးတွေပြန်ပြောကြတယ်။ တချို့ကြတော့ ဂူထဲမှာပဲ ဆုံးသွားတယ်၊ တချို့ကြတော့ အပြင်ပြန်ထွက်လာနိုင်တယ် စုံလို့ပါပဲ.. အဲ့ထဲကတစ်ယောက်ကတော့ တော်တော်လေးကို တိတိကျကျ ဇာတ်လမ်းလေးကို ပြန်ပြောပြနိုင်ခဲ့တယ်… အဲ့ညမှာ မီးတွေပျက်ပြီး သူတို့အဖွဲ့ဝင်တွေက မတော်တဆမှုတွေနဲ့ ဆုံးပါးသွားကြရင်း ဗယ်လာရီ ကလည်း ဂူထဲကို ရောက်သွားပါတော့တယ်… Review က ပြသာနာဖြစ်တာကို တန်းရေးတယ်လို့မပြောနဲ့နော်… ရုပ်ရှင်ကိုက အငြိမ်ပြနေရင်းနဲ့ ပြသာနာတွေထတက်တာ… တော်တော်ကောင်းတယ် ပြသာနာထတက်တဲ့အချိန်ကစပြီး အဆုံးထိစွဲခေါ်သွားမှာမို့ စဉ်းစားခန်း ကြိုက်တဲ့သူတွေအတွက် သဘောကျမယ့်ကားလေးတစ်ကားပါ။
0 comments:
Post a Comment