Ariana Grande: Excuse Me, I Love You (2020)



 

Rating : 7.1/10
Country : United State
Genre : Documentary, Music
Cast : Ariana Grande
Released Date : 2020
Duration : 1h 37min

အညွှန်း
မနေ့ကမှ ပူနွေးနွေးထွက်ရှိထားတဲ့ နာမည်ကျော်အမေရိကန်ပေါ့ပ်အဆိုတော်မလေး Ariana Grande ရဲ့ documentary လေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ဒီ documentary မှာတော့ 2019 တုန်းကကျင်းပခဲ့တဲ့ Ariana ရဲ့ ရှိုးပေါင်း ၁၀၁ပွဲ နယ်လှည့်ဖျော်ဖြေခဲ့တဲ့
Sweetener World Tour အကြောင်းကို ရိုက်​ကူးထားတာပါ။ မြို့ပေါင်းများစွာမှာဖျော်ဖြေခဲ့တဲ့ အလန်းစား performance တွေ၊ရီဟာဇယ်တွေ၊ ဖျော်ဖြေပွဲနောက်ကွယ်က backstage ပြင်ဆင်မှုတွေ၊ အဖွဲ့သားတွေ သူငယ်ချင်းတွေ စနောက်ပျော်ရွှင်နေတာလေးတွေကိုပါကြည့်ရှုကြရမှာပါ။ Arianaရဲ့ နာမည်ကျော်သီချင်းတွေဖြစ်တဲ့ Side To Side, Thank you next, No tears left to cry, Break free အစရှိတဲ့သီချင်းတွေရဲ့ performance တွေကိုတစ်ဝကြီးကြည့်ရှုရမှာဆိုတော့ ကိုဗစ်ကာလမှာ ပွဲငတ်နေတဲ့ကိုယ်တွေလို ပရိသတ်တွေအတွက်တော့ရှယ်ပါ​ပဲ။​ဒါ့အပြင် ခရစ္စမတ်လည်းနီးလာပြီဆိုတော့ ဂန္တဝင်ခရစ္စမတ်သီချင်း “All I want for Christmas is you”ကို သီဆိုခဲ့တဲ့ အဆိုကျော်ကြီးMariah Carey တစ်ယောက် Ariana ကို collab လုပ်ဖို့ကမ်းလှမ်းခဲ့တဲ့ပုံရိပ်လေးတွေပါ ပါလို့ ခရစ္စမတ်အငွေ့အသက်လေးတွေလည်းအနည်းငယ်ခံစားမိကြမယ်ထင်ပါတယ်။ ကြည့်ရှုခံစားလိုက်ကြပါဦး။

0 comments:

Post a Comment