BomBhaat (2020)


 

Rating : 7.3/10
Country : India
Genre : Action, Comedy, Sci-Fi 
Cast : Sai Sushanth Reddy, Simran Chowdary, Chandini Chowdary 
Released Date : 2020
Duration : 2h 16min

အညွှန်း
မွေးကတည်းက ကံဆိုးတဲ့သူတွေများရှိလား
ထိုင်နေအကောင်းသားထသွားမှကျိုးမှန်းသိ ဆိုတဲ့စကားပုံကနည်းပါသေးတယ်
မင်းသားက မမွေးခင်ကတည်းက ကံဆိုးတဲ့သူပါ
မွေးမွေးချင်းမှာသူ့အဖေကလေဖြတ်တယ် မွေးပြီးတော့လဲ သူ့ကံဆိုးမှုအရှိန်ကဘယ်လောက်ကြီးလဲဆို သူရှိတဲ့နေရာနားကလူတွေအကုန်ကံဆိုးတယ် မကောင်းတာတစ်ခုခုဖြစ်တယ်
သူကိုယ်တိုင်အပါအဝင် ပတ်ဝန်းကျင်ကလူတွေအားလုံးဟာ
သူ့ကြောင့်အမြဲလိုလိုဒုက္ခရောက်လေ့ရှိပါတယ်မိဘနှစ်ပါးကတောင်သူ့ကိုအမြဲတမ်းကံဆိုးတယ်လို့ပြောလေ့ရှိတာကြောင့်
ဗစ်ကီဟာကိုယ့်ကိုကိုယ်ယုံကြည်မှုကင်းမဲ့ပြီးအထီးကျန်အားငယ်နေတတ်တာပါဒါပေမယ့်လည်းတစ်နေ့မှာတော့သိပ္ပံ
ပညာရှင်ပရော်ဖက်ဆာအာချာရီယားနဲ့တွေ့ပြီးမိတ်ဆွေတွေဖြစ်သွားပါတယ်
ဗစ်ကီဟာအမြဲတမ်းသူ့ရဲ့ကံဆိုးတဲ့ဘဝကြီး ပြောင်းလဲသွားဖို့မျှော်လင့်နေတဲ့သူဖြစ်ပါတယ်
ဒီလိုနဲ့ပဲတစ်ရက်မှာတော့ ပရော်ဖက်ဆာနဲ့သူ့သမီးမာယာတို့ကားတိုက်မှုဖြစ်ပြီး
ပရော်ဖက်ဆာကသူ့သမီးကိုစောင့်ရှောက်ပေးဖို့ဗစ်ကီကို
မှာခဲ့တဲ့အခါမှာတော့ဗစ်ကီ့ဆီမှာအပြောင်းအလဲတွေစပြီး ဖြစ်လာပါတော့တယ်
ဗစ်ကီတစ်ယောက်ရှုပ်ထွေးမှုတွေကြားထဲကနေသူ့ရဲ့ကံဆိုးနေတဲ့ဘဝကို ပြောင်းလဲသွားနိုင်ပါ့မလား
ပရော်ဖက်ဆာရဲ့သေဆုံးမှုကကောသွေးရိုးသားရိုးဖြစ်နိုင်ရဲ့လားဆိုတာကိုစိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့်ဇာတ်ကားကောင်းလေးဖြစ်ပါတယ်

0 comments:

Post a Comment