Rating : 6.2/10
Country : United State
Genre : Animation, Action, Adventure
Cast : Ray Winstone, Crispin Glover, Angelina Jolie
Released Date : 2007
Duration : 1h 55min
အညွှန်း
သူရဲကောင်းတို့ ခေတ်ကောင်းချိန်...
Beowulf လို့ ခေါ်တဲ့ သူရဲကောင်းရဲ့ နာမည် ထွန်းထွန်းတောက်နေချိန်...
တစ်ချိန်တည်းမှာပဲ ဘုရင် Hrothgar ရဲ့ တိုင်းပြည်မှာ
မိစ္ဆာဆိုး တစ်ကောင်မွှေလို့ တစ်တိုင်းပြည်လုံး အစည်းပြေ မီးသေနေတဲ့ အချိန်...
ကြံရာမရတဲ့ အဆုံး ဘုရင်ခမျာ Beowulf ကို ရှေ့တော်တင်သွင်းပြီး မိစ္ဆာကို တိုက်ထုတ်ခိုင်းရတော့တယ်...
အောင်အောင်မြင်မြင်နဲ့ တိုက်ထုတ်ပြီးနောက် ဒီအောင်မြင်မှုဟာ
ဒီ့ထက်ပိုကြီးမားတဲ့ အမျက်ဒေါသနဲ့ လက်စားချေမှုကြီးတစ်ခုဆီကို ဦးတည်သွားတော့တယ်...
မိစ္ဆာရဲ့ မိခင်ပါပဲ... ဆွဲဆောင်မှုရှိလွန်းခြင်းရဲ့ နောက်ကွယ်မှ
တစ်ဆက်တည်းဆိုသလို ပျက်ဆီးခြင်းတရားတွေပါ ပါလာတဲ့ မကောင်းဆိုးဝါးမပေါ့...
သူမဟာ Beowulf အတွက် အနိစ္စတရားလေလား...
IMDB - 6.2/10, RT - 71% Back to the Future နဲ့ Forrest Gumps တို့ရဲ့ ဒါရိုက်တာဖြစ်ပြီး
Visual ရိုက်ချက်တွေကို ကျွမ်းကျင်လွန်းတဲ့ Robert Zemeckis ရဲ့ လက်ရာဖြစ်ပါတယ်။
ဒါရိုက်တာတင် နာမည်ကျော်မဟုတ်ပဲ ပါဝင်တဲ့ Cast တွေထဲမှာ
Antony Hopkins, Angelina Jolie တို့လို ဒိတ်ဒိတ်ကြဲ Cast တွေ ပါပါသေးတယ်။
ရှေးဟောင်းအင်္ဂလိပ် ကဗျာရှည်ကြီး တစ်ပုဒ်ဖြစ်တဲ့ Beowulf ကို
အမျိုးမျိုး ပုံသွင်းခဲ့ကြတဲ့ထဲမှာ ဒီ Animation ကားက နာမည်ကောင်းတွေနဲ့အတူ
ထိပ်ဆုံးတစ်နေရာမှာ ရှိနေတာကတော့ ဒါရိုက်တာရဲ့ အကျွမ်းကျင်ဆုံး Visual Effect တွေကို ပါဝင်တဲ့
Cast တွေနဲ့ ပေါင်းစပ်လိုက်ခြင်းကြောင့်ပါပဲ...။

0 comments:
Post a Comment