Rating : 6.3/10
Country : United State
Genre : Comedy, Drama
Cast : Donald Sutherland, Judy Greer, Luke Wilson
Released Date : 2018
Duration : 1h 40min
အညွှန်း
နွေရာသီအားလပ်ရက်ဆိုတာကိုမကြိုက်တဲ့သူမရှိသလောက်ရှားမယ်လို့ထင်ပါတယ် ဒီအချိန်ကအကုန်လုံးကိုခဏမေ့ထားပြီးလွတ်လွတ်လပ်လပ်ပျော်ပါးလို့ရတဲ့အချိန်ကောင်းလေးတစ်ခုပဲလေလူငယ်တွေအတွက်ရောမိသားစုတွေအတွက်ရော
ဒါပေမယ့်ဒီကားလေးမှာတော့နွေရာသီအားလပ်ရက်ကိုမုန်းတဲ့လူငယ်လေးတစ်ယောက်ကိုဇာတ်အိမ်တည်ပြီးရိုက်ကူးထားကာ
ရသအမျိုးမျိုးပေးထားတာကိုခံစားရမှာ
နွေရာသီဆိုမြို့ပြကနေကျေးလက်ကိုထွက်လာပြီးအပန်းဖြေလေ့ရှိတဲ့ မိသားစုတွေမြို့ပြကနေလာအပန်းဖြေတဲ့သူတွေကိုမကျေနပ်တဲ့ဒေသခံလူငယ်အုပ်စုအဲဒီကြားထဲမှာဓါးစာခံဖြစ်ပြီးအမြဲအနိုင်ကျင့်ခံရတဲ့အပြင်ဘာလုပ်လုပ်အကောင်းမမြင်ပေးတဲ့အဖေရဲ့စကားလုံးဖိနှိပ်မှုတွေကိုပါခံရတဲ့ကောင်လေးတစ်ယောက်
တစ်နေ့သူအလုပ်လုပ်တဲ့အိမ်ကအဖိုးကြီးရဲ့ပညာသားပါပါပညာပေးမှုတွေနဲ့ရင့်ကျက်လာတဲ့အခါ….ရုတ်တရက်ပြဿနာတွေထဖြစ်တဲ့အဖေနဲ့အမေရဲ့ဆက်ဆံရေးကြားထဲဘယ်လိုနေမလဲ …
တိတ်တခိုးချစ်နေရတဲ့ကောင်မလေးနဲ့ရောဘယ်လိုရှေ့ဆက်မလဲ…ဒီကြားထဲအချစ်ရေးရှုပ်တဲ့သူ့အစ်မပြဿနာတွေရော….
ဒီကားလေးကလူငယ်တွေကြည့်ကိုကြည့်သင့်တဲ့ကားကောင်းလေးတစ်ကားပါ ဟာသလေးတွေပါရောထားတာမို့ပျင်းရမှာမဟုတ်ပါဘူး…

0 comments:
Post a Comment