Rating : 3.2/10
Country : United State
Genre : Action, Thriller
Cast : Tamer Burjaq, Roxane Hayward, Stephanie Schildknecht
Released Date : 2017
Duration : 1h 35min
အညွှန်း
Curse Accident ဇာတ်ကားဟာ 2017၊ ဒီဇင်ဘာလထဲမှာထွက်ရှိခဲ့တဲ့ သည်းထည်းရင်ဖိုစရာဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ဇာတ်လမ်းကလေးကတော့ မိန်းမချောလေးနှစ်ယောက်ဖြစ်တဲ့ ဂျက်ဇ်နဲ့ကယ်လ်ရိုလင်းတို့ သူငယ်ချင်းနှစ်ယောက်ဟာ ဂီတပွဲတော်တစ်ခုကိုသွားဖို့အတူတူထွက်ခွာလာခဲ့ကြပါတယ်။ဂီတပွဲတော်ကိုသွားဖို့ ဘတ်စ်ကားနဲ့မသွားပဲ သူငယ်ဖြစ်သူတွေရဲ့ကားနဲ့လမ်းကြုံလိုက်ဖို့စီစဉ်ခဲ့ပေမယ့် တကယ်တမ်းသူငယ်ချစ်ဖြစ်သူတွေက မလာခဲ့တဲ့အခါမှာတော့ ဂျက်ဇ်နဲ့ကယ်လ်ရိုလင်းတို့နှစ်ယောက် အခက်တွေ့ရပါတော့တယ်။ဒီလိုနဲ့ နှစ်ယောက်သား ကြုံရာကားနဲ့သာလမ်းကြုံလိုက်ဖို့စီစဉ်ရပါတော့တယ်။အဲ့မှာ မထင်မှတ် ကားအကောင်းစားကြီးစီးလာတဲ့ ကောင်လေးချောချောနှစ်ယောက်နဲ့တွေ့ပါတော့တယ်။
ဒီလိုနဲ့ မိချောတို့နဲ့ကိုယ်လူချောတို့တစ်သိုက် အဝေးပြေးလမ်းမကြီးအတိုင်းခရီးနှင်လာရာမှာတော့ လမ်းမှာမမျှော်လင့်ပဲယာဉ်မတော်တဆဖြစ်ပြီး ကယးဟာလမ်းဘေးက ချောက်ထဲထိုးကြသွားပါတော့တယ်။အဲ့မှာအကူအညီတောင်းစရာလူလည်းမရှိ၊ အကူအညီပေးနိုင်မယ့်သူတွေနဲ့လည်းအဆက်အသွယ်ပြတ်တောက်သွားကာ တောင်စောင်းအောက်ထဲမှာ ပိတ်မိနေပါတော့တယ်။အဲ့လို အကူအညီမယ့်ကယ်ရာမဲ့ဘဝက သူငယ်ချင်းတွေ ဘယ်လိုရုန်းထွက်ကြမယ်၊မိချောတို့တွေ့ခဲ့တဲ့ ကိုယ်လူချောတို့နှစ်ယောက်ကရော..လူကောင်းတွေမှဖြစ်နိုင်ပါ့မလား…..၊တစ်ခါသာဆုံဖူးသေးတဲ့ မိန်းကလေးနှစ်ယောက်ကို သဘောထားကြီးစွာနဲ့ကူညီနိုင်ပါ့မလား….၊ဒီလိုအခက်ခဲတွေထဲကဘယ်လိုရအောင် အသက်ဆက်မလဲဆိုတာကိုတော့ ဒီဇာတ်လမ်းလေးထဲမှာ ရင်ဖိုစွာရှု့စားရမှာဖြစ်ပါတယ်

0 comments:
Post a Comment