Why Cheat India (2019)


 

Rating : 6.0/10
Country : India 
Genre :  Crime, Drama 
Cast :    Emraan Hashmi, Shreya Dhanwanthary, Snighdadeep Chatterji
Released Date : 2019
Duration : 2h 1min


 

အညွှန်း





မိဘတွေဖြစ်ချင်တဲ့ အိပ်မက်အတွက် သားသမီးတွေက နေ့မအိပ်ညမအိပ် အပင်ပန်းခံကြိုးစားကြရတယ်

လူရာဂဏန်းပဲရွေးမယ့် စာမေးပွဲတွေမှာ ထောင်သောင်းချီတဲ့ ကျောင်းသားတွေ မျှော်လင့်တကြီး ဝင်ဖြေကြရတယ်

မိဘတွေရဲ့ ရည်မှန်းချက်ကြီးလေလေ နောက်ကွယ်မှာပေးဆပ်ရတဲ့ အလျော်အစားတွေက တန်ဖိုးကြီးလေလေပဲ

အတောမသတ်နိုင်တဲ့ ဖြစ်ချင်ဇောတွေနဲ့အတူ စာမေးပွဲတွေမှာ မသမာမှုတွေ မှိုလိုပေါလာတယ်

စာမေးပွဲကို လူစားထိုးဖြေတာ၊ မေးခွန်းပေါက်တာ၊ အောင်လက်မှတ် အတုလုပ်တာ….အစုံပါပဲ

ငါ့သားက အင်ဂျင်နီယာ၊ ငါ့သမီးက ဆရာဝန်၊ ငါ့ကလေးက ဘယ်တက္ကသိုလ်မှာ ဝင်ခွင့်ရတာ….. ဒီဂုဏ်ဒြပ်တွေက တကယ်ပဲ အရေးကြီးသလား

သားသမီးတွေရဲ့ အိပ်မက်အစစ်အမှန်တွေကရော ဘယ်ရောက်ကုန်သလဲ


အိန္ဒိယပညာရေးလောကရဲ့ အဖြစ်သနစ်အစုံလင်ကို မိဘကိုလုပ်ကျွေးဖို့နဲ့ စာကြိုးစားဖို့ကလွဲပြီး တစ်ခြားဘာမှမသိတဲ့ ကောင်လေးတစ်ယောက်က ဘဝနဲ့ရင်းပြီး လှစ်ဟပြသွားမှာမို့

ကျွန်တော်ပြောရဲပါတယ်

ကြည့်ရတန်တဲ့ ဇာတ်ကားတစ်ကား ဖြစ်လာမှာပါ

0 comments:

Post a Comment