ဒီတစ်ခေါက်Channel Myanmar ပရိသတ်ကြီးအတွက်ဇာတ်လမ်းအသစ်လေး တစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်ကားလေးနာမည်က Boomerang (2019)ပါ။
ဒီ Imdb Rating 6.0/10 ရရှိထားတဲ့ Tamil စကားပြော ကားလေးဟာအက်ရှင်ဇာတ်လမ်းကောင်းကြိုက်နှစ်သက်တဲ့ ပရိသတ်ကြီးအတွက်တော့ အကြိုက်တွေ့စေမှာပါ။
ဇာတ်လမ်းအကျဉ်းလေးကိုလဲ အနည်းငယ် တင်ပြပေးလိုပါတယ်။မီးလောင်မှုတစ်ခုကြောင့် မျက်နှာတစ်ခုလုံးပျက်စီးသွားရတဲ့ ရှီဗာ...ဒီမျက်နှာနဲ့ လူလုံးပြဖို့တောင်မဖြစ်နိုင်တဲ့အတွက်မျက်နှာအစားထိုးခွဲစိတ်ကုသမှုကိုခံယူခဲ့ရပါတယ်။
ရရှိလာတဲ့မျက်နှာအသစ်က ချောမောလှပတဲ့အပြင် သူမသိသေးတဲ့ အတိတ်တွေလဲရှိခဲ့ပါတယ်။
တစ်နေ့တော့ သူ့ကိုလူမှားပြီး လိုက်လံလုပ်ကြံသတ်ဖြတ်ရာကနေ မျက်နှာပိုင်ရှင်ရဲ့နောက်ကြောင်းကိုစုံစမ်းဖို့ဖြစ်လာတော့တာပါပဲ။
အဆိုပါ မျက်နှာပိုင်ရှင်က ဘယ်သူလဲ?ဘာကြောင့် သူ့နောက်ကိုလူတွေလိုက်နေတာလဲ?ရှီဗာကရော ဒီမျက်နှာနဲ့ ဘယ်လိုဆက်ပြီးစခန်းသွားမလဲ?
ဆိုတာ စိတ်ဝင်တစားဆက်ကြည့်ရှုရမယ့်ကားလေးပါ။စိတ်ဝင်စားစရာအက်ရှင်ကားကောင်းလေးမို့ မလွတ်တမ်း ကြည့်ရှုအားပေးဖို့ပဲညွှန်းလိုက်ပါတယ်..

0 comments:
Post a Comment